ထိုင်း၊ မြန်မာနယ်စပ်အခြေစိုက် UNFC အဖွဲ့က အဲဒီအချက် ၃ ချက်ကို သဘောတူထောက်ခံကြောင်း UNFC အဖွဲ့ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခွန်ဥက္ကာက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ အနိုင်ရလာတာဟာ တိုင်းရင်းသားပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သမ္မတ ဦးသိန်းစိန်နဲ့အတူ လက်တွဲ ဆောင်ရွက်နိုင်လိမ့်မယ်လို့ UNFC က ယုံကြည်ကြောင်း ဦးခွန်ဥက္ကာက ပြောပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရတာကိုကြည့်ပြီး တစ်နိုင်ငံလုံး ပြောင်းလဲ တိုးတက်လာပြီလို့ မယူဆနိုင်သေးကြောင်း၊ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း NLD-LA ကပြောပါတယ်။
NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး နိုင်ငံရေး ရည်မှန်းချက် ၃ ချက်ကို အကောင်ထည်ဖော်နိုင်ရေးဟာ စိန်ခေါ်မှုတရပ် ဖြစ်တယ်လို့ NLD-LA က ရှုမြင်ကြောင်း အဲဒီအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ကဆိုပါတယ်။