သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားအဖွဲ့ ၄ ဖွဲ့ထံ ဇူလိုင်၂၈ ရက်နေ့က ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့် ပေးစာနဲ့ ပတ်သက်ပြီး ထိုင်း မြန်မာ နယ်စပ် အခြေစိုက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC က ဒေါ်အောင်ဆန်းစုကြည်ကို အိတ်ဖွင့်စာတစောင် ဒီကနေ့ ပြန်ကြား လိုက်ပါတယ်။
မွန်ပြည်သစ်ပါတီရဲ့  ခေါင်းဆောင်တစ်ဦးလည်းဖြစ် UNFC ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာ။
အဲဒီ အိတ်ဖွင့်ပြန်ကြားစာမှာ ဒေါ်အောင်ဆန်းစုကြည် အကြံပြု ထားတဲ့အတိုင်း မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဘက်ကလည်း လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လိုလားထောက်ခံကြောင်း ပြန်ကြားလိုက်တာ ဖြစ်ပါတယ်။
“ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်” လို့ အစချီထားတဲ့ အဲဒီစာမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နဲ့ KIO, KNU, မွန်ပြည်သစ်ပါတီ၊ SSA စတဲ့ လက်နက်ကိုင် တိုင်းရင်းသား ၄ ဖွဲ့ကို ရည်ညွှန်း ရေးခဲ့တာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနီးပါး ပါဝင်ဖွဲ့စည်းထားတဲ့ UNFC က အကြောင်းပြန်ကြားလိုက်ပါကြောင်း ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ထံ ရေးသားတဲ့ UNFC ရဲ့အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက RFA ကို ရှင်းပြပါတယ်။
“ကျနော်တို့ ပြောချင်တဲ့ အချက်ကို ဒေါ်အောင်ဆန်းစုကြည်က မြင်တယ်။ ပြဿနာတွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းရင် ဘယ်သူ့ဘက်မှာမှ ကောင်းကျိုးရှိမှာ မဟုတ်ဘူး။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့လိုတယ်ဆိုတဲ့ တင်ပြချက်ကို ကျနော်တို့မှာလည်း ဒီအမြင်ရှိကြောင်း ပြည်သူသိအောင် ထုတ်ပြန်တာဖြစ်တယ်”
UNFC ရဲ့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားတာက တိုင်းရင်းသားတွေဟာ အမျိုးသားတန်းတူရေးနဲ့ ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကိုသာ အဓိက လိုလားကြောင်း ဖော်ပြထားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို RFA ကိုဥာဏ်ဝင်းအောင်က မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ
ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို အီးယူ ကော်မရှင်နာမင်းကြီး အားရ
တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ကတိပေး
ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း
တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ
CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ
ပိတ်ဆို့မှုတချို့ လျှော့ချတာနဲ့ ပတ်သက်လို့ ပညာရှင်တစ်ဦး အမြင်
ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာမယ်
အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်
မှတ်ချက်များ
Click here to add your own comment