နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲကို ကြည့်ရှုလေ့လာဖို့ ရန်ကုန်မြို့က သံရုံးတွေကို စစ်အစိုးရက ဖိတ်ခေါ်ထားပေမဲ့ အမေရိကန်သံရုံးက ပါဝင်မှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၄ ရက် မနေ့က ကြေညာလိုက်ပါတယ်။
စစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် ရန်ကုန်မြို့ရှိ မဲရုံတခုတွင် နိုဝင်ဘာ ၅ ရက်နေ့က မဲပုံးများ ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
အစိုးရ အစီအစဉ်အတိုင်းပဲ လိုက်ပြီး ကြည့်ရတာဟာ ရွေးကောက်ပွဲကို အမှန်တကယ် စောင့်ကြည့် လေ့လာတာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က RFA ကိုပြောပါတယ်။
ရွေးကောက်ပွဲ လေ့လာကြည့်ရှုဖို့ ရန်ကုန်မှာရှိတဲ့ သံတမန်တွေကို စစ်အစိုးရက ဖိတ်ခေါ်ထားပါတယ်။
အမေရိကန် သံရုံးကတော့ ဒီအစီအစဉ်ထဲ ပါဝင်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ ဆိုပေမဲ့ စစ်အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာပါ။ ဒါကို စစ်မှန်တဲ့ စောင့်ကြည်ရေးအဖွဲ့ဆိုပြီး နာမည်တပ်တဲ့အထဲ မပါနိုင်ပါဘူးလို့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသွားပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ ရှိတဲ့ အမေရိကန် နိုင်ငံသားတွေကိုလည်း ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေး သတိထားဖို့ နိုဝင်ဘာလ ၂ ရက် နေ့ရက်စွဲနဲ့ ထုတ်ပြန် ကြေညာထားပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ပိတ်ပင်မှုဥပဒေ သက်တမ်းတိုးဖို့ အမေရိကန်အမတ် ဆောင်ရွက်
အမျိုးသမီးရေးရာ အမေရိကန် သံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
ကမ္ဘာ့ အမျိုးသမီးရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Melanne Verveer မြန်မာနိုင်ငံကို သွားမည်
ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ဖို့ အမေရိကန် ပြင်ဆင်
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆု ဇွန်လမှာ ပေးအပ်မည်
အမေရိကန်ပေးတဲ့ အကူအညီမှာ အကြွေးကတ်စနစ် ပါဝင်ဖွယ်ရှိ
မြန်မာအပေါ် ပိတ်ဆို့မှု တချို့ရုပ်သိမ်းရေး အမေရိကန် စတင်ပြင်ဆင်
အမေရိကန် သံအမတ်သစ် အမြန်စေလွှတ်ဖွယ်ရှိ
မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို
မှတ်ချက်များ
Click here to add your own comment