နေပြည်တော်မှ လူမနေသေးသော မြို့နယ်သစ် ၃ ခု မဲဆန္ဒနယ်မှာပါဝင်

2010-09-02

၂၀၁၀ ရွေးကောက်ပွဲကို တရားသလား မတရားဘူးလား တချိန်မှာ ဆန်းစစ်တဲ့အခါ လူမနေသေးတဲ့ နေပြည်တော် မြို့နယ် ၃ ခုကို မန္တ္တလေးတိုင်းထဲ ထည့်ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် သတ်မှတ်ခဲ့တာမျိုးတွေလည်း ထည့်သွင်း စဉ်းစားထိုက်တယ်လို့ ယူဆသူတွေ ပြည်တွင်းမှာ ရှိနေပါတယ်။

AFP

မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို လေယာဉ်ပေါ်မှ မြင်ရပုံ။

နေပြည်တော် ရွှေကြာပင်မြို့နယ်တွေဖြစ်တဲ့ ဇမ္မူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနဲ့ ပုဗ္မသီရိ ၅ မြို့နယ်ကို အသေအချာ ဆန်းစစ်ကြည့်တဲ့အခါ ဝန်ထမ်းနေတဲ့မြို့ဆိုလို့ ဇမျွူသီရိမြို့နယ်တခုပဲ ရှိပြီး ဇေယျာသီရိ မြို့နယ်ဆိုတာလည်း စစ်ရုံးချုပ် စစ်တပ်နဲ့ စစ်တပ်မိသားစုတွေ သီးသန့်နေတဲ့ မြို့နယ်သာ ဖြစ်ပါတယ်။

ကျန်တဲ့ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနဲ့ ပုဗ္မသီရိမြို့နယ်တွေဟာ လူမရှိပဲ အိမ်တွေသာ ဆောက်နေဆဲမြို့နယ်တွေ ဖြစ်တယ်လို့ နေပြည်တော် ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးက ပြောပါတယ်။

လူမရှိတဲ့ မြို့နယ်တွေပါတဲ့ နေပြည်တော် ၅ မြို့နယ်ကို ခုလို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သတ်မှတ်ရာမှာ ထည့်ထားမှ မန္တ္တလေးတိုင်းရဲ့ လူဦးရေအချိုးကို မှီခိုပြီး အမတ်နေရာ အရွေးခံလို့ရအောင် စစ်အစိုးရက ကြံစည်တာလို့ ရန်ကုန်နိုင်ငံရေး အသိုင်းအ၀ိုင်းက ယူဆပါတယ်။

ဒီအကြောင်းနဲ့ စပ်လျဉ်းပြီး ဦးစိန်ကျော်လှိုင်က အသေးစိတ် သုံးသပ်ထားပါတယ်။

သုံးသပ်တင်ပြချက်။
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း

ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်သွင်းရက် ပြောင်းလဲ

ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ