နေပြည်တော်မှ လူမနေသေးသော မြို့နယ်သစ် ၃ ခု မဲဆန္ဒနယ်မှာပါဝင်

၂၀၁၀ ရွေးကောက်ပွဲကို တရားသလား မတရားဘူးလား တချိန်မှာ ဆန်းစစ်တဲ့အခါ လူမနေသေးတဲ့ နေပြည်တော် မြို့နယ် ၃ ခုကို မန္တ္တလေးတိုင်းထဲ ထည့်ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် သတ်မှတ်ခဲ့တာမျိုးတွေလည်း ထည့်သွင်း စဉ်းစားထိုက်တယ်လို့ ယူဆသူတွေ ပြည်တွင်းမှာ ရှိနေပါတယ်။

0:00 / 0:00

နေပြည်တော် ရွှေကြာပင်မြို့နယ်တွေဖြစ်တဲ့ ဇမ္မူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနဲ့ ပုဗ္မသီရိ ၅ မြို့နယ်ကို အသေအချာ ဆန်းစစ်ကြည့်တဲ့အခါ ဝန်ထမ်းနေတဲ့မြို့ဆိုလို့ ဇမျွူသီရိမြို့နယ်တခုပဲ ရှိပြီး ဇေယျာသီရိ မြို့နယ်ဆိုတာလည်း စစ်ရုံးချုပ် စစ်တပ်နဲ့ စစ်တပ်မိသားစုတွေ သီးသန့်နေတဲ့ မြို့နယ်သာ ဖြစ်ပါတယ်။

ကျန်တဲ့ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနဲ့ ပုဗ္မသီရိမြို့နယ်တွေဟာ လူမရှိပဲ အိမ်တွေသာ ဆောက်နေဆဲမြို့နယ်တွေ ဖြစ်တယ်လို့ နေပြည်တော် ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးက ပြောပါတယ်။

လူမရှိတဲ့ မြို့နယ်တွေပါတဲ့ နေပြည်တော် ၅ မြို့နယ်ကို ခုလို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သတ်မှတ်ရာမှာ ထည့်ထားမှ မန္တ္တလေးတိုင်းရဲ့ လူဦးရေအချိုးကို မှီခိုပြီး အမတ်နေရာ အရွေးခံလို့ရအောင် စစ်အစိုးရက ကြံစည်တာလို့ ရန်ကုန်နိုင်ငံရေး အသိုင်းအဝိုင်းက ယူဆပါတယ်။

ဒီအကြောင်းနဲ့ စပ်လျဉ်းပြီး ဦးစိန်ကျော်လှိုင်က အသေးစိတ် သုံးသပ်ထားပါတယ်။

အသံဖိုင်ယူရန်