အညတရ သူရဲကောင်း ဂုဏ်ပြုပွဲ ဂျပန်မှာ ကျင်းပ

2011-06-06

မြန်မာပြည်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး အတွက် စွန့် လွှတ် အနစ်နာခံ လှုပ်ရှားဆောင်ရွက်နေကြရင်း ဖမ်းဆီး ထိန်းသိမ်းခံရပြီး အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ပေး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချီးမြှင့်ပေးအပ်တဲ့ အညတြ သူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ မနေ့ က ကျင်းပခဲ့ပါတယ်။

demowaiyan

နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင် သံဃာတပါး ဖြစ်သူ မဂ္ဂင် ကျောင်းတိုက် ဆရာတော် ဦးအိန္ဒက ၊ ဘိုးတော်ခင်ဝင်း နဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီပေးခဲ့သူ ဦးသန်းနိုင် တို့ကို အညတြ သူရဲကောင်းတွေ အဖြစ် ရွေးချယ်ဂုဏ်ပြုပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ပွဲစီစဉ် ကျင်းပသူတွေနဲ့ တကွ တက်ရောက်လာသူတွေ အားလုံးကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို သတင်း စကားပေးပို့ ပြီး နှုတ်ခွန်းဆက်တဲ့ အပြင် ယုံကြည်ချက်ကြောင့် အနစ် နာခံ လုပ်ဆောင်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး ကူညီ ထောက်ပံ့ကြဖို့ တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။

"အခုလို အညတရ သူရဲကောင်းများဆိုပြီးတော့ ဂုဏ်ပြုဆုကို ချီးမြင့်တဲ့ အခမ်းအနားမျိုး၊ ဂုဏ်ပြုတဲ့ စိတ်ဓါတ်မျိုးကို ကျမ အများကြီးဘဲ ကျေးဇူးတင်ပါတယ်။ ဂုဏ်လဲ ယူပါတယ်။ လေးလည်းလေးစားပါတယ်။ ဒီလိုဘဲ သတ္တရှိရှိနဲ့ ကိုယ်ထင်ပေါ်ဖို့ မဟုတ်ဘူး၊ ကိုယ့်ရဲ့ စိတ်ချမ်းသာဖို့အတွက် မဟုတ်ဘူး၊ ဘယ်လို အကျိုးခံစာမှုမျိုးအတွက်မှ မဟုတ်ဘဲနဲ့ ယုံကြည်ချက်အရ လုပ်ကိုင်ပြီးတော့ ယုံကြည်ချက်အရ လုပ်ကိုင်ခဲ့လို့ အနစ်နာခံခဲ့ရတဲ့ အနစ်နာ ခံနေဆဲ ဖြစ်တဲ့ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသား အားလုံး အမြန်ဆုံး လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ၀ိုင်းပြီးတော့ ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။"

ပထမအကြိမ် အညတြ သူရဲကောင်းဆုကို ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးမှာ ကျင်းပတဲ့ သက်ကြီး ပူဇော်ပွဲမှာ ကြေညာပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီဆုအတွက် နိုင်ငံရေး အကျဉ်းကျတွေ ဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင် သံဃာတပါး ဖြစ်တဲ့ မဂ္ဂင် ကျောင်းတိုက် ဆရာတော် ဦးအိန္ဒက ၊ ဘိုးတော်ခင်ဝင်း နဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီ ပေးခဲ့သူ ဦးသန်းနိုင် တို့ကို NLD ဗဟိုအလုပ် အမှုဆောင် အဖွဲ့ ဝင် ဦးဝင်းတင် ဦးဆောင်တဲ့ ဆုရွေးချယ်ရေးအဖွဲ့ က ရွေးချယ်ခဲ့ပါတယ်။ ဒုတိယ အကြိမ်မြောက် ဆုချီးမြှင့်ပွဲကို မကြာမီ အချိန်မှာ ပေးအပ်နိုင်ဖို့ ဆောင်ရွက်နေကြောင်းနဲ့ ၅ ဦးအထိ တိုးမြင့်ပေးအပ်နိုင်ဖို့  စီစဉ်နေကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိက အသေးစိတ် တင်ပြထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ

မဲခေါင်ဒေသ ဖွံ့ဖြိုးရေး ဂျပန်ကူမည်

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ