သေဆုံးသူတွေရဲ့ ရုပ်အလောင်းအချို့ဟာ မြစ်အောက်ဘက်မှာ ရှိတဲ့ စင်းခန်း၊ ရွေကူ၊ ကသာဘက်ကို မျောပါသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
သေဆုံးသူတွေထဲမှာ ဗန်းမော် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က ဗန်းမော်ခရိုင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ထက်ဝေစိုးနဲ့ အလုပ်အမှုဆောင် ထွန်းသီဟစိုး တို့လည်း ပါရှိသွားကြောင်း ဗကသ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
အဲဒီ ရှပ်ပြေးရေယာဉ်ပေါ်မှာ လက်မှတ်မဲ့၊ လက်မှတ်ရှိ ခရီးသည် တစ်ရာကျော် အပါအဝင် ဘိလပ်မြေ အိတ် ၃၀၊ ဆိုင်ကယ်အစီး ၃၀ နဲ့ ဓါတ်မြေသြဇာ စတဲ့ ကုန်ပစ္စည်းတွေကိုပါ မတန်တဆ တင်ဆောင်ခဲ့တဲ့ အတွက် အခုလို တိမ်းမှောက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ရေယာဉ်မောင်းဖြစ်သူ ဦးချစ်သဲ က ဗန်းမော်မြို့နယ် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့တယ် လို့လည်း သိရပါတယ်။
