အထူး ကိုယ်စားလှယ် Derek Mitchell ခရီး အမေရိကန် အစိုးရ အပြုသဘော ရှုမြင်

2011-09-07

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် Mr. Derek Mitchell အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် အဖြစ် သွားရောက်ခွင့် ရရှိတဲ့ ခရီးစဉ် ဖြစ်လို့ ဝမ်းသာ ကြိုဆိုကြောင်း၊ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ် ကင့်ဘဲလ်က ပြောကြားလိုက်ပါတယ်။

(Photo: AFP)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတ် ကင်းဘဲလ်။ (Photo: AFP)

ဝါရှင်တန် ဒီစီ မြို့တော်မှာ ကျင်းပတဲ့ ဟောပြောပွဲ အခမ်းအနားတခုမှာ သတင်းထောက်တွေက Mr. Mitchell ရဲ့ မြန်မာနိုင်ငံ ခရီးအကြောင်း ဘယ်လို သဘောရပါလဲလို့ မေးမြန်းကြတဲ့ အခါမှာ သူက-

“Mr. Derek Mitchell ဟာ အထူး ကိုယ်စားလှယ် အနေနဲ့ အစိုးရ အဖွဲ့ဝင်တွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည် အပြင် တိုင်းရင်းသား အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရှိထားပါတယ်၊ အဲသလို တွေ့ဆုံတဲ့အခါ ဘာတွေ ပြောဆို ဆွေးနွေးနိုင်မယ် ဆိုတာကို ကျနော်လည်း ခင်ဗျားတို့ နည်းတူ မျှော်လင့်တကြီး သိချင်နေပါတယ်လို့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ဖြေကြားသွားပါတယ်။

ဒါ့အပြင် အမေရိကန် အစိုးရ အနေနဲ့ ဆက်လက်ပြီး စူးစမ်းလေ့လာ သိရှိလိုတဲ့ ကိစ္စရပ် တချို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မြင်တွေ့ခဲ့ရတယ် ဆိုတာကိုတော့ ပြောချင်ပါတယ်လို့ လည်း မစ္စတာ ကတ် ကင့်ဘဲလ်က ပြောသွားပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

အမေရိကန် ကိုယ်စားလှယ်တွေ ပြည်တွင်းမှာ ဆက်လက် လေ့လာဆွေးနွေး

တရုတ် မြန်မာ ဆက်ဆံရေး ထိခိုက်ဖို့ အမေရိကန် မလိုလား

အမေရိကန်ကိုယ်စားလှယ်တွေနဲ့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဆွေးနွေး

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေနေများ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ မေးမြန်းခဲ့

အမေရိကန် ကိုယ်စားလှယ်တွေ NLD ခေါင်းဆောင်တွေနဲ့ တွေ့မည်

အမေရိကန် အထူးသံတမန် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ

အမေရိကန် အထူးကိုယ်စားလှယ် ဒုတိယအကြိမ် မြန်မာနိုင်ငံ ရောက်ရှိ

မြန်မာကို မူဝါဒ နှစ်မျိုးနဲ့ ဆက်ဆံသွားမယ်လို့ အမေရိကန်ပြော

တိုင်းရင်းသားတွေ ညီညွတ်ဖို့ အမေရိကန်သံ ပြောဆို

ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး မဖြစ်မနေ လိုအပ်ကြောင်း အမေရိကန် ကိုယ်စားလှယ်ပြောကြား