ကာကွယ်ရေး ၀န်ကြီး Leon Panetta က စင်္ကာပူနိုင်ငံ မှာ ကျင်းပတဲ့  အာရှလုံခြုံရေး ဆိုင်ရာ ညီလာခံမှာ မိန့်ခွန်း ပြောရာမှာ အမေရိကန် အနေနဲ့  မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးနေကြောင်း၊ ကာကွယ်ရေးပိုင်း ပူးပေါင်း ဆောင်ရွက်မှုမှာ မြန်မာနဲ့အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုတွေ ရှိဖို့ လိုအပ်ကြောင်း ဆက်လက် သတိပေး ပါတယ်။
အာရှလုံခြုံရေးဆိုင်ရာ ညီလာခံကို နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှုးပြုလုပ်တာ ဖြစ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။