စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ Master/ Visa/ American Express စတဲ့ အကြွေးကတ်တွေ သုံးစွဲနိုင်တဲ့စနစ် ကင်းမဲ့နေတာကြောင့် မြန်မာပြည်ကို အလည်အပတ် လာရောက်တဲ့ ခရီးသွားတွေအတွက် အခက်တွေ့ကြရပြီး ငွေစက္ကူတွေ အများအပြား သယ်ဆောင် နေကြရပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲအပြီး မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု တချို့လျော့ပေါ့ပြီး ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကူအညီတွေပေးမယ်လို့ အမေရိကန်အစိုးရက ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ အမေရိကန် အရာရှိကြီးတစ်ဦးက - ပိတ်ဆို့မှုတွေကို ဘယ်လို ဘယ်ပုံ လျော့ပေါ့မယ်၊ အချိန်ဇယား ဘယ်လိုရှိမယ်ဆိုတာ မိမိတို့ မသိပေမဲ့ အီလက်ထရောနစ် ကုန်သွယ်ရေးစနစ် ကျင့်သုံးနိုင်ရေးဟာ ထိပ်တန်းက ပါဝင်ပါလိမ့်မယ်လို့ အေအက်ဖ်ပီ သတင်းကို ပြောဆိုပါတယ်။
အကြွေးကတ်စနစ် မသုံးစွဲနိုင်သေးတဲ့ နိုင်ငံ နည်းနည်းလေးထဲမှာ မြန်မာ ပါဝင်ပါတယ်။ စီးပွားဖလှယ်ရာမှာ ဒီကိစ္စက အတော်လေး အခက်အခဲ ရှိပါတယ်။ အဲဒါလေးကို ပြုပြင်လိုက်ရင် စီးပွားရေး အခွင့်အလမ်းတွေ တမဟုတ်ချင်း ပွင့်လန်းသွားနိုင်ပါတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။