စီးပွားရေး ပိတ်ဆို့မှုကို ဖေါက်ဖျက်မှုနဲ့ RBS ဘဏ်ကို ဒဏ်ငွေချမှတ်


2013.12.11

မြန်မာ၊ အီရန်၊ ဆူဒန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့အရေးယူခဲ့တာကို မလိုက်နာ ဖေါက်ဖျက်မှုနဲ့ RBS ခေါ် Scotland Royal Bank အပေါ် ဒေါ်လာ ၁၃၃ သန်း ဒဏ်ငွေချမှတ်လိုက်ကြောင်း အမေရိကန်အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။

RBS ဘဏ်ဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကတေ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနဲ့ အီရန်အပါအဝင် ပိတ်ဆို့အရေးယူခံထားရတဲ့ နိုင်ငံလေးနိုင်ငံနဲ့ ငွေပေးငွေယူလုပ်ငန်းတွေကို စနစ်တကျနဲ့ လျှို့ဝှက်ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီအတွက် အမေရိကန်အစိုးရက Scotland Royal Bank အပေါ် စုစုပေါင်း  ဒေါ်လာ ၁၃၃ သန်း ဒဏ်ငွေချမှတ်လိုက်ပါတယ်။ ဒါပေမဲ့ Scotland Royal Bank က ဒေါ်လာ သန်း ၁၀၀ ဒဏ်ငွေဆောင်မယ်လို့ သိရပါတယ်။ ဒါ့ပြင် Scotland Royal Bank အနေနဲ့ ဒီကိစ္စမှာ တာဝန်ရှိသူဝန်ထမ်းတွေကို ထုတ်ပယ်လိုက်ပြီး၊ နောက်ထပ် အလားတူ ကျုးလွန်မှုမျိုးမဖြစ်ရအောင် စီစဉ်မယ်လို့ သဘောတူညီခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။