နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အမေရိကန် စီစဉ်ဆောင်ရွက်နေ

မြန်မာနိုင်ငံကို စေလွှတ်မယ့် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ အတွက် အမေရိကန် အစိုးရက ဦးဆောင် ကြိုးပမ်းနေတယ်လို့ သြဂုတ်လ ၁၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိူးသမီး Victoria Nuland က အတည်ပြု ပြောဆိုသွားပါတယ်။

2011.08.11
us_state_department_building_305_z.jpg ဝါရှင်တန်မြို့တော်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အဆောက်အဦ။
RFA

အမေရိကန် အမျိုးသမီး လွှတ်တော် အမတ်တွေက နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဆီကို မြန်မာ့အရေး အိတ်ဖွင့်ပေးစာ ပေးပို့လိုက်တာနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစိုးရက ဝာာဝန်ခံမှုရှိဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ အစဉ်တစိုက် ကြိုးစား ဆောင်ရွက်သွားမှာပါ။ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အတွက်လည်း အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်း တိုင်ပင်ပြီး စီစဉ် နေပါတယ်လို့ Victoria Nuland က ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ်ကို တရားဝင် ခန့်အပ်ဖို့ အတွက် နောက်ဆုံး အဆင့်ကို ရောက်နေပြီး သူဟာ တာဝန်တွေ စတင် ထမ်းဆောင်ရတော့မှာ ဖြစ်တယ် လို့လည်း ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ဆောင်ရွက်ချက်တွေကို အမေရိကန် အနေနဲ့ ပြတ်ပြတ်သားသား ထောက်ခံထားတယ် လို့လည်း Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို သွားရောက် စစ်ဆေး ကြည့်ရှုခွင့် ပေးဖို့ မြန်မာ အစိုးရကိုလည်း တဆက်တည်း တိုက်တွန်းသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။