အမေရိကန် ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်ပြု

အမေရိကန် လုပ်ငန်းကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်ကြောင်း အမေရိကန်သမ္မတ ဘရက် အိုဘားမားက ဇူလိုင်လ (၁၁ ) ရက် ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-07-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
obama-u-thein-sein-bali-b305
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ အစည်းအဝေး၌ အမေရိကန် ပြည်ထောင်စု သမ္မတ Mr. Barack Obama နှင့် သမ္မတ ဦးသိန်းစိန်တို့ တက်ရောက်စဉ်က မှတ်တမ်းပုံ ဖြစ်ပါသည်။
AFP

မြန်မာနိုင်ငံအတွင်း အထွေထွေ ရင်းနှီးမြှုပ်နှံခွင့်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေမှာ ရင်နှီးမြှုပ်နှံခွင့်တွေ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိဘဲ ဖြစ်နေတာ၊ ပြည်တွင်းစီးပွားရေးမှာ စစ်တပ်ရဲ့ ပါဝင်လွှမ်းမိုး ချုပ်ကိုင်မှု ရှိနေတာတွေအပေါ် စိုးရိမ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံတဲ့အခါ လုပ်ကိုင် ဆောင်ရွက်ပုံတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ အစီရင်ခံ တင်ပြရမယ်လို့ သမ္မတ အိုဘားမားရဲ့ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ပျက်ယွင်းအောင် ဆောင်ရွက်သူ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ် အစီအစဉ်ကို ဖော်ပြမထားပါဘူး။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးသစ်ဆင်းက ကောက်နှုတ်တင်ပြမှာ ဖြစ်ပါတယ်။

ကောက်နှုတ်တင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Very good

Jul 12, 2012 02:10 AM

အမည်မဖော်လိုသူ

Very good

Jul 12, 2012 02:09 AM