ပထမခြေလှမ်းအနေနဲ့ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့သွားမှာ ဖြစ်တယ်လို့ အမေရိကန်မြန်မာကုန်သည်ကြီးများအသင်းရဲ့ ပြောခွင့်ရသူ မမေမာလင်းကပြောပါတယ်။
မြန်မာနိုင်ငံခရီးစဉ်မှာ ဆန်ဖရန်စ္စကိုမြို့တော်ဝန်ရဲ့ဇနီး Anita Lee လည်းလိုက်ပါမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပညာရေးဆိုင်ရာကူညီပံ့ပိုးမှုတွေ အပါအဝင် တခြားကူညီပံ့ပိုးနိုင်တာတွေကို ဆောင်ရွက်သွားနိုင်ဖို့ လေ့လာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရေရှည်စီးပွားရေးဖွံ့ဖြိုးစေဖို့အတွက် အစိုးရဌာနဆိုင်ရာတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ရင်းနှီးမြုပ်နှံမှုတွေဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်မြန်မာကုန်သည်ကြီးများအသင်းကို ၂၀၁၂သြဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါ တယ်။ နိုဝင်ဘာလ ၁၀ရက်နေ့မှာ စာနယ်ဇင်းတွေ့ဆုံပွဲပြုလုပ်ပြီး အသင်းရဲ့မြန်မာနိုင်ငံခရီးစဉ်နဲ့ပါတ်သက်တဲ့ အသေးစိတ်အစီအစဉ်ကို ထုတ်ပြန်မှာဖြစ်ပါတယ်။
