သွင်းကုန်ပိတ်ဆို့ရေး ပြစ်ဒဏ်အပေါ် သဘောထားအမြင်များ

မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ သွင်းကုန်ပိတ်ဆို့ရေး ပြစ်ဒဏ်ကို တစ်နှစ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်က မနေ့က အတည်ပြု လိုက်ပါတယ်။
2012-08-03
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကနေ အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူတာအားလုံး ရုပ်သိမ်းပေးဖို့ တိုက်တွန်း ထားချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။

အခုလို သွင်းကုန်ပိတ်ဆို့တဲ့ သက်တမ်း တစ်နှစ် တိုးမယ့်အစား နှစ်နိုင်ငံ ဆက်ဆံရေးကို ကြည့်ပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့ ပိတ်ဆို့ အရေးယူတာ အားလုံးကို ရုပ်သိမ်းပေးသင့်တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဒုဥက္ကဋ္ဌ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောပါတယ်။

ဒါပေမယ့် အခုလို သက်တမ်းတစ်နှစ် တိုးလိုက်တဲ့အတွက် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားနဲ့ ဆက်စပ်လုပ်ကိုင်မယ့် လုပ်ငန်းတွေအတွက် ပြင်ဆင်ချိန် ပိုပြီးရတယ်လို့ သွင်းကုန်၊ ထုတ်ကုန် စီးပွားရေး လုပ်ငန်းရှင် ဦးမင်းခင်က သုံးသပ်ပါတယ်။

အမေရိကန်လွှတ်တော် နှစ်ရပ်လုံးက သဘောတူခဲ့တဲ့ ပိတ်ဆို့ အရေးယူရေး သက်တမ်းတစ်နှစ် တိုးရတဲ့ အကြောင်းအရင်းမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ နောက်ထပ် လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးတာကြောင့်လို့ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားများ အစည်းအရုံး ကေအင်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတယ် ဆိုပေမယ့် တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေသေးတာကြောင့် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူရေး သက်တမ်း တိုးလိုက်တာကို ထောက်ခံတယ်လို့ ပြောပါတယ်။

အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

တင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

မျိးချိစ်မောင်

နေရပ်- ရန်ကုန်

ဘဲာဘဲပြောပြော အမေရိကန် (အစိုးရ)ဟာ တကယ့်စေတနာအမှန်နဲ့ မြန်မာပြည်ကို ကူညီဖို့လာမှာ မဟုတ်ဘူးဆိုတာတော့ သေချာသွားပါပြီ။ တခြားအကျိုးတွေ....လိုချင်လို့ ဆိုတာတွေကို ဒို့မြန်မာပြည်သားတွေအားလုံးက အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့ စောင့်ကြည့်ဖို့လိုနေပြီဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ

Aug 04, 2012 08:36 PM