အမေရိကန် ယာယီသံမှူး နဲ့ NLD ခေါင်းဆောင်တွေ တွေ့ဆုံ

2011-07-07

ရန်ကုန် အမေရိကန်သံရုံး ယာယီ တာဝန်ခံသံမှူး နဲ့ ဒုတိယ သံရုံးတာဝန်ခံတို့ဟာ ရန်ကုန်မြို့ ဗဟန်း ရွှေဂုံတိုင်လမ်းက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဒီကနေ့ လာရောက် တွေ့ဆုံပါတယ်။

ဒုတိယ သံရုံးတာဝန်ခံနဲ့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကို မိတ်ဆက်ပေးတဲ့ သဘောလို့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ရန်ကုန် အမေရိကန် သံရုံး ယာယီ တာဝန်ခံ သံမှူး Larry M. Dinger အပါအ၀င် ၃ ဦး လာရောက်ပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဗဟို အလုပ် အမှုဆောင် အဖွဲ့ ဒုတိယ ဥက္ကဌ ဦးတင်ဦး ခေါင်းဆောင်တဲ့ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတဲ့ အကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီတွေ့ဆုံပွဲကို ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်နဲ့ ဦးဟံသာမြင့် စတဲ့သူတွေ တက်ရောက်ကြပါတယ်။

လက်ရှိ သံရုံး ယာယီတာဝန်ခံ သံမှူးက ဒုတိယ သံရုံး တာဝန်ခံနဲ့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကို မိတ်ဆက်ပေးပြီး NLD က လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို မေးမြန်းတယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကမ္ဘာ့အလုပ်သမားနေ့ ရခိုင်နှင့် ရန်ကုန်တို့တွင် ကျင်းပ

လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး

ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်

ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်

လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိ

NLD စည်းရုံးရေး၊ ရွေးကောက်ပွဲ ပညာပေး ဗီဒီယို ဖြန့်ဝေ

NLD နိုင်မှာကို တရုတ်လုပ်ငန်းရှင်များ မစိုးရိမ်စေလို

လူ့အခွင့်အရေးရအောင် အားထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း