အမေရိကန် ပြည်ထောင်စုမှာ ရွှေ့ပြောင်းနေထိုင်ခွင့် ရထားတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေထဲက ကျောင်းသားတပ်မတော်လို့ လူသိများတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ကို ငွေကြေးပစ္စည်း ကူညီထောက်ပံ့ ပေးဖူးသူတွေအပေါ် ထိန်းချုပ်ထားတဲ့ အခွင့်အရေးတချို့ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက ပြန်လည် ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် ကျင်းပသော မကဒတ အနှစ် ၂၀ မြောက် အထိမ်းအမှတ် အခမ်းအနားပွဲအပြီး ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများကို တွေ့မြင်ရပုံဖြစ်ပါသည်။ (Photo: RFA)
RFA က မိတ္တူ လက်ခံရရှိထားတဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် အခြေစိုက် အမေရိကန်အစိုးရ နိုင်ငံသားစိစစ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန USCIS ကို ကိုးကားပြီး အမေရိကန် အောက် လွှတ်တော်အမတ်တဦးရုံးက မြန်မာ့အရေး လုပ်ဆောင်နေသူတွေဆီ ပေးပို့တဲ့ အကြောင်းကြား စာမှာ အခုလို အတည်ပြု ရေးသားထားတာ ဖြစ်ပါတယ်။
ABSDF အဖွဲ့နဲ့ ပတ်သက်ပြီး ဆိုင်းငံ့ထားတဲ့ လူဝင်မှုကြီးကြပ်ရေး အမှုတွေကိုလည်း မကြာခင် ပြန်လည် ဆောင်ရွက်ပေးတော့မယ်လို့လည်း ဒီပေးစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရဟာ 9/11 အကြမ်းဖက် တိုက်ခိုက်ခံရမှုနောက်ပိုင်း ကမ္ဘာတဝန်း လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများကို အကြမ်းဖက်အဖွဲ့ စာရင်းထဲ သွင်းပြီး စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့တချို့လည်း ပါဝင်ခဲ့ပါတယ်။
ဒီအတွက် ကုလသမဂ္ဂနဲ့ အမေရိကန်အစိုးရရဲ့ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်တဲ့ ဒုက္ခသည် ဘဝသစ် ပြန်လည် ထူထောင်ရေး အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့် ရခဲ့သူတွေထဲက ABSDF ၊ KNU ၊ CNF စတဲ့ အဖွဲ့တွေကို ပံ့ပိုးကူညီခဲ့ဖူးသူတွေကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန က Green Card လို့ခေါ်တဲ့ အမြဲတမ်း နေထိုင်ခွင့်လက်မှတ် ထုတ်မပေးပဲ ဆိုင်းငံ့ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အမေရိကန်အစိုးရဟာ ABSDF ကို အကြမ်းဖက် အဖွဲ့အစည်း စာရင်းထဲကနေ ပယ်ဖျက်ပေးလိုက်ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး၊ အခု လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ ဆိုင်းငံ့မှုတွေ ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ကချင်ဒုက္ခသည်တွေအတွက် အကူအညီများ ထပ်ပေး
ကချင် အနုပညာရှင်တွေရဲ့ဖျော်ဖြေပွဲ ပိတ်ပင်ခံရ
ABSDF အဖွဲ့ဝင်ဟောင်းတွေထံက အကြံဉာဏ်ရယူ
ကချင်ဒေသဒုက္ခသည်တွေဆီ ကုလအကူညီပေးရေးအဖွဲ့ ရောက်ရှိ
ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေးဒုက္ခသည်တွေကို ထပ်လှူ
အေဘီအက်စ်ဒီအက်ဖ် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ကို သွား
တရုတ်နိုင်ငံ ထဲရောက် ကချင် စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက်
ကချင် ဒုက္ခသည်တွေ ကျန်းမာရေး စိုးရိမ်စရာဖြစ်နေ
နာရေးကူညီမှုအသင်းကို ကျေးဇူးတင်ကြောင်း ကချင်ဒုက္ခသည်ကော်မတီ ထုတ်ပြန်
မှတ်ချက်များ
Click here to add your own comment