ရခိုင်ပြည်နယ် ဒုက္ခသည်အရေး အမေရိကန် အကူအညီပေးမည်

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အမေရိကန်နိုင်ငံကလည်း အကူအညီပေးမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ Mr. Michael Thurston က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ခေါင်းဆောင်တွေကို မနေ့က တွေ့ဆုံဆွေးနွေးခဲ့သလို အစ္စလာမ်ဘာသာရေး အဖွဲ့ ၅ ဖွဲ့က ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂအဖွဲ့တွေနဲ့ ပြည်တွင်း NGO တွေရဲ့ ပြီးခဲ့တဲ့အတိတ်ကာလတွေက ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးဆောင်ရွက်မှုတွေမှာ မညီမျှတာတွေရှိခဲ့တဲ့အတွက် ပြုပြင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် RNDP ကဦးဆောင်ပြီး ကန့်ကွက်သွားဖို့အထိ အစီအစဉ်ရှိကြောင်းကိုလည်း အမေရိကန်သံရုံးယာယီတာဝန်ခံကို ဆွေးနွေးလိုက်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ မြန်မာ မူစလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မအဖ) အတွင်းရေးမှူး ဦးကျော်ခင်တို့ကို ဆက်သွယ်မေးမြန်းပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

0:00 / 0:00