စစ်ဘေးဒုက္ခသည်တွေအတွက် အမေရိကန်မှာ ရခိုင်တိုင်းရင်း သားတွေ ဆုတောင်းပွဲကျင်းပ

ရခိုင်ပြည်နယ်အတွင်းက စစ်ပွဲတွေရပ်စဲရေးနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဆုတောင်းပွဲတစ်ရပ်ကို အမေရိကန်ပြည်ထောင်စုရောက် ရခိုင်တိုင်းရင်းသားတွေက မနေ့က အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့မှာ ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ AA ရခိုင့်တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် အတိဒုက္ခရောက်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အင်ဒီးယားနားပြည်နယ်နဲ့ အိုင်အိုဝါပြည်နယ်ရောက် ရခိုင်တိုင်းရင်းသားတွေ စုပေါင်းပြီး ဆုတောင်းပွဲ ကျင်းပတာဖြစ်ပါတယ်။

ဒီပွဲမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီရေးတွေအတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ အိုင်အိုဝါပြည်နယ် ရခိုင်အသင်းရဲ့ ဥက္ကဌ ကိုသာပွင့်က ပြောပါတယ်။

"ကျနော်တို့ အင်ဒီးယားနားပြည်နယ်မှာရှိတဲ့ ရခိုင်မိသားစုနဲ့ အိုင်အိုဝါမှာရောက်ရှိနေကြတဲ့ ရခိုင်မိသား စုတွေဆုံပြီးတော့ ရခိုင်ပြည်နယ်မှာ လက်ရှိစစ်ဘေးကြောင့်ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အတွက် ကျနော်တို့ ရခိုင်ပြည်ကြီးအေးချမ်းဖို့အတွက် ရည်ရွယ်ပြီးတော့ ကျနော်တို့စုပေါင်းပြီးတော့ပြောကြ တယ်၊ နောက်ရှေ့ဆက်ပြီးတော့ ကျနော်တို့ ရခိုင်ပြည်အတွက် အကျိုးပြုလုပ်ငန်းတွေကို ဘယ်လိုဆက်လုပ် မလဲဆိုတာ ကျနော်တို့ဆွေးနွေးခဲ့ကြပါတယ်၊ ရခိုင်ဒေသတွေ နောက်ကျန်တဲ့တိုင်ရင်းသား ရှမ်းတို့၊ တအာင်းပလောင်တို့၊ ကချင်တို့ကို အစိုးရရဲ့ ထိုးစစ်ဆင်တဲ့ ဒီစစ်တပ်တွေကို ကျနော်တို့က ရပ်ဆိုင်းပေး ဖို့တောင်းဆိုကြမယ်၊ ကျနော်တို့ အဲ့ဒါတွေကို အမေရိကန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နောက်ဆို ကျနော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြတယ်"

အခမ်းအနားကို မနက် ၁၁ နာရီကနေ ညနေ ၅ နာရီအထိကျင်းပခဲ့ပြီး အင်ဒီးယားနားပြည်နယ်နဲ့ အိုင်အိုဝါပြည် နယ်ရောက် ရခိုင်တိုင်းရင်းသား ၄၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။