မနေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့တဲ့ အမေရိကန် - ထိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ အစည်းအဝေးကနေ ကြေညာချက် ထုတ်ပြန် ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောခဲ့တာပါ။
အဲဒီ နှစ်ဘက်အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီ ကလင်တန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong တို့ ဦးဆောင်ကျင်းပခဲ့တာပါ။
အာရှ ပစ္စဖိတ်ဒေသတွင်း လုံခြုံရေး၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးအတွက် နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အထူးအရေးကြီးကြောင်း၊ နှစ်ပေါင်းများစွာ အမေရိကန် - ထိုင်း ဆက်ဆံရေး ကောင်းမွန်ခဲ့တာကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
