တောင်သူတွေကို USAID ကူညီမယ်


2016.05.03
usaid-press-620.jpg USAID ရဲ့ အုပ်ချုပ်ရေးမှူး Gayle Smith (အလယ်)ကို ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ မေလ ၃ ရက်နေ့ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Myo Zaw Ko/ RFA

မြန်မာ့လယ်ယာနဲ့ စိုက်ပျိုးရေးကဏ္ဍရဲ့ နိုင်ငံခြားပို့ကုန်မူဝါဒတွေ တိုးတက်ကောင်းမွန်ဖို့နဲ ဒေသခံတောင်သူတွေ ရဲ့ဘဝ မြင့်တက်ဖို့ USAID အနေနဲ့ အကူအညီပေးသွားမယ်လို့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ အုပ်ချုပ်ရေးမှူး Gayle Smith က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အမေရိကန်သံရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ USAID ရဲ့ အုပ်ချုပ်ရေးမှူး Gayle Smith က ပြောခဲ့တာဖြစ်ပါတယ်။

"စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဒေသခံထုတ်လုပ်သူတွေ ဝင်ငွေတိုးတက်ဖို့နဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးအောင် ကျမတို့အကူ အညီပေးသွားမှာပါ။ နိုင်ငံခြားကို စိုက်ပျိုးရေးထွက်ကုန်တွေ ပိုပြီးတင်ပို့နိုင်အောင်နဲ့ နိုင်ငံခြားပို့ကုန်မူဝါဒတွေ တိုးတက်ကောင်းမွန်ဖို့ကိုလည်း အစိုးရကိုအကြံပေး ကူညီသွားမှာ ဖြစ်တယ်လို့" USAID ရဲ့ အုပ်ချုပ်ရေးမှူးGayle Smith က ပြောခဲ့တာဖြစ်ပါတယ်။

USAID အုပ်ချုပ်ရေးမှူး Gayle Smith ဟာ သူရဲ့ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း USAID က အကူအညီပေး ထားတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို သွားရောက်ကြည့်ရှူ့ခဲ့သလို အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Gayle Smith ဟာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ သမ္မတဦးထင်ကျော်တာဝန်ယူပြီး မြန်မာနိုင်ငံကို လာရောက်တဲ့ အမေရိကန်အစိုးရရဲ့ အဆင့်မြင့် အရာရှိတစ်ဦးရဲ့ခရီးစဉ်လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။