ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ညွန်ကြားချက်နဲ့ဆိုပြီး ရန်ကုန်တိုင်းအတွင်း သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်တွေမှာ ရယက အဖွဲ့ဝင်တွေကနေ မြန်မာနိုင်ငံ ထေရဝါရ ဗုဒ္ဓသာသနာ နုဂ္ဂဟ အသင်းကြီး ဖွဲ့စည်းရေးအတွက် ဝန်ထမ်းတွေကို အသင်းဝင်ဖို့ အတင်း အဓမ္မ ဝင်ခိုင်းနေတယ်လို့ သိရပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အဖွဲ့ဝင်များ ဒဂုံမြို့သစ်ရှိ နေအိမ်တခု၏ ခြံဝတွင် ဤအိမ်သည် ပြည်ခိုင်ဖြိုး ပါတီဝင်ပြီး ဖြစ်ကြောင်း ဆိုင်းဘုတ်ကို အိမ်ရှင်၏ ခွင့်ပြုချက်မယူပဲ သံရိုက်တပ်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
ဒါ့ပြင် အသင်းဝင်အဖြစ် ဖြည့်ပေးဖို့အတွက် အသင်းဝင် လျှောက်လွှာတွေ စတင် ဖြန့်ဝေ ပေးခဲ့တာကတော့ ပြီးခဲ့တဲ့ ဇန်ဝါရီလ ၃ ရက်နေ့ ကတည်းကလို့ သိရပါတယ်။ သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်တွေကို အကြောင်းကြား ပေးပို့ခဲ့တာ ဖြစ်ပြီး အခုလ ထဲမှာတော့ သက်ဆိုင်ရာ ရပ်ကွက် ရယက အဖွဲ့ဝင်တွေနဲ့ မြို့နယ်တွင်းမှာ ရှိတဲ့ ကျောင်းဆရာ ဆရာမ ဝန်ထမ်း အားလုံးကို ငွေကောက်ခံပြီး အတင်း အဓမ္မ အသင်းဝင်ခိုင်းနေတယ်လို့ အဲဒီ ကျောင်းဆရာက ပြောပါတယ်။
အလားတူ လမ်းမတော်မြို့နယ်အတွင်းက ကျောင်းဆရာမတဦးကလည်း သူတို့ ကျောင်းဆရာ ဆရာမ တွေကို အခုလ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြို့နယ် မယကရုံးကို အပြီးသတ် ပေးပို့ရမယ်ဆိုတာကြောင့် ဆရာ ဆရာမတွေ အားလုံး ဖြည့်ပေးလိုက်ရပုံနဲ့ ဗုဒ္ဓဘာသာ သာသနာ အတွက်လို့သာ အောက်မေ့ပြီး အသင်းဝင်လိုက်ရတဲ့အကြောင်း RFA ကို ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။
| သတင်းပေးပို့ချက် |
|
| အသံဖိုင်ယူရန် |
မြန်မာနိုင်ငံ ထေရဝါရ ဗုဒ္ဓသာသနာ နုဂ္ဂဟ အသင်း ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အထက်လွှတ်တော် အမတ် စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေကတော့ အဲဒီ သာသနာ နုဂ္ဂဟ အသင်း အသင်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ ပတ်သက်မှု မရှိကြောင်း၊ အသင်းသား အဓမ္မစုဆောင်းမှုနဲ့ ငွေကြေးကောက်ခံမှုလည်း မရှိကြောင်း ပြောဆိုပါတယ်။
ဇေကမ္ဘာ ဦးခင်ရွှေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။| ဇေကမ္ဘာ ဦးခင်ရွှေနှင့် ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |
NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းကို တရားစွဲဆို
ကြားဖြတ်ရွေးကောက်ပွဲမှာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်ကြားမယ်
လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲ ပြော
လက်ဝါးကပ်တိုင်ကိစ္စ ဖြေရှင်းပေးဖို့ သမ္မတထံ စာပို့
ဒေါ်အောင်ဆန်းစုကြည် ငါးရက်ကြာ တရားစခန်းဝင်
သာဂရမြို့ဟောင်း မပျက်စီးအောင် ထိမ်းသိမ်းရေး လွတ်တော်အမတ်တွေ တင်ပြ
ဟင်္သာတမြို့မှာ တင်းမာမှု ဖြစ်ပေါ်ခြင်းကို သံဃာတော်များ ကြားဝင် ဖြန်ဖြေပေးခဲ့
မွတ်စလင်သင်္ချိုင်းဟောင်း ဖျက်ဆီးခံရမှု သမ္မတထံ တိုင်ကြား
ဟိန္ဒူဘာသာဝင် NLD အဖွဲ့ဝင် နယ်ကျော်မှုနဲ့ အဖမ်းခံရ
ပြည်ခိုင်ဖြိုးပါတီမှ တရားစွဲမှုမှာ NDF ပါတီမှ ဒေါက်တာ မြတ်ဉာဏစိုး အနိုင်ရ
မှတ်ချက်များ
Click here to add your own comment