ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခင် ကာလမှာ တွေ့ဆုံဖို့ ဆောင်ရွက်နေကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက သြဂုတ်လ ၅ ရက်နေ့က ကုန်သည်ကြီးများအသင်း အဆောက်အဦ မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ သတင်းထောက်တွေ ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရှိသူ ဦးအုန်းကြိုင်ကို မေးကြည့်တဲ့အခါမှာ
“အခုထိတော့ ဒီကိစ္စ ကျနော်တို့ ဘာမှ မသိသေးပါဘူး။ ဘာအကြောင်းစာမှ မရသေးပါဘူး။ ”
ဒါဟာ ကောင်းတဲ့ အလားအလာတရပ်လို့ ရှုမြင်သူတွေ ရှိပေမယ့် နိုဝင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးမှုလို့ ယူဆသူတွေလည်း ရှိပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ သတင်းထောက်တွေကို အခုရက်ပိုင်းတွေမှာ နယ်ခရီးစဉ်တွေကို ခေါ်သွားတယ်လို့လည်း သိရပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာသိပ်မရှိလို့ ဦးဌေးဦးပြော
ကြားဖြတ် ရွေးကောက်ပွဲမှာ တစညပါတီ နေရာ ၂၀ ခန့် ၀င်ပြိုင်မည်
လွှတ်တော်အမတ်အဖြစ်က ဖယ်ရှားမှု နိုင်ငံရေးထိုးနှက်ချက် ဖြစ်ကြောင်း RNDP ပါတီပြောကြား
ထောင်ကျဖူးသူကို အုပ်ချုပ်ရေးမှူးခန့်အပ်
အကြွေးယူထားပြီး ပြန်မဆပ်သည့် လွှတ်တော်ကိုယ်စားလှယ် အတိုင်ခံရ
ရခိုင်ပါတီ ကိုယ်စားလှယ် ၈ ဦး ကြံ့ခိုင်ဖွံ့ဖြိုးရေးက တရားစွဲ
မှတ်ချက်များ
Click here to add your own comment