ဒီညီလာခံအတွင်း ပါတီဦးဆောင်မှု အပိုင်းမှာ ဗဟိုကော်မတီနဲ့ အရံကော်မတီဝင်တွေကို ရွေးချယ်မှာ ဖြစ်သလို အစိုးရ အဖွဲ့အတွင်း တာဝန် ထမ်းဆောင်နေကြသူတွေရဲ့ ပါတီတွင်း လစ်လပ်သွားတဲ့ နေရာတွေ အတွက် ပြန်လည် ရွေးချယ်သွားဖို့ ရှိကြောင်း သိရပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လုပ်ငန်းစဉ် ချမှတ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေက ကြိုက်နှစ်သက်လို့ မဲပေး ရွေးချယ်ခဲ့ရင် သမ္မတ ဖြစ်ခွင့် အရည်အချင်းနဲ့ ပတ်သက်လို့ အခြေခံ ဥပဒေပါ ကန့်သတ်ချက်ကို ပြင်ဆင်ပြီးမှသာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်မယ်လို့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးက RFA ကို ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။
0:00 / 0:00