ရွေးကောက်ပွဲ မတိုင်ခင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ရင် အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့် ပေးမယ်ဆိုပြီး ရခိုင်ပြည်နယ်အတွင်းမှာ မဲဆွယ် စည်းရုံးခဲ့ပေမယ့် အခု ရွေးကောက်ပွဲ ပြီးချိန်မှာတော့ ကတိမတည်လို့ သံတွဲမြို့ခံတွေက မကျေနပ်ကြဘူးလို့ သိရပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေက သံတွဲမြို့နယ်အတွင်းက အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ သူတို့ပါတီကို မဲထည့်ရင် အရင်ကလို ပုံစံ (၄) လို့ခေါ်တဲ့ နိုင်ငံခြားသားများ ခရီးသွားလာခွင့် ပုံစံ တောင်းခံစရာမလိုဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးမယ်ဆိုပြီး မဲဆွယ်ခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရသွားပြီးချိန်မှာ ခရီးသွားလာဖို့ လူဝင်မှု ကြီးကြပ်ရေးရုံးမှာ ထောက်ခံစာ ဆက်လက် တောင်းခံနေရဆဲ ဖြစ်သလို ငွေအကုန်အကျတွေလည်း ဆက်ရှိနေတယ်လို့ အစ္စလာမ် ဘာသာဝင် တဦးက အာအက်ဖ်အေကို ပြောပါတယ်။
သံတွဲမြို့ တမြို့တည်းမှာ မဟုတ်ဘဲ ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့တွေမှာလည်း အလားတူ ခရီးသွားလာခွင့် တောင်းခံနေရတုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ခရီးသွားထောက်ခံစာ တောင်းခံရာမှာ ရန်ကုန်မှာ ကျောင်းတက်ဖို့ သွားမယ့် ကျောင်းသူကျောင်းသားတွေနဲ့ ကျန်းမာရေးအတွက် ဆေးကုသွားကြမယ့် အစ္စလာမ် ဘာသာဝင်တွေ အခက်ကြုံနေကြရတယ်လို့ ပြောပါတယ်။
အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ ကတိမတည်တဲ့အပေါ် မကျေမနပ် ဖြစ်ရတယ်လို့ သံတွဲမြို့ခံတွေက ပြောဆိုနေကြပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို
NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား
မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ
မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ
မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း
မှတ်ချက်များ
Click here to add your own comment