ဟီလာရီ ကလင်တန် ဟာ နိုဝင်ဘာလ ၁၁ရက်နေ့မှာ သြစတေးလျ နိုင်ငံ Perth မြို့ကို သွားရောက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Panetta နဲ့အတူ သြစတေးလျ အစိုးရအဖွဲ့နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီကတဆင့် စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာပါ။
နိုဝင်ဘာလ ၁၉ရက်နေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ သမ္မတ အိုဘားမားနဲ့ မြန်မာပြည်မှာ ဆုံပြီး သမ္မတ ဦးသိန်းစိန်၊ NLD ပါတီ ဥက္ကဌ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကမှတဆင့် အမေရိကန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး တို့ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံညီလာခံကို တက်ရောက်ကြမှာဖြစ်ပါတယ်။
