ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ရက်ပိုင်း အတွင်း စတင်မယ်လို့ သူရဦးရွှေ မန်းပြော

0:00 / 0:00

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်း စုကြည်အပြင် နိုင်ငံရေးပါတီတချို့က လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံ ပြီး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်လာရေး အတွက် ဆွေးနွေးတယ်လို့ သိရပါတယ်။

၆ ပွင့်ဆိုင်ဆွေးနွေးပွဲ မကြာမီရက်ပိုင်းအတွင်းပေါ်ပေါက် လာတော့မှာဖြစ်ကြောင်း၊ တွေ့ဆုံမယ့် နေ့ရက်အတိအကျ မသိရသေးပေမဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ မှာပါဝင်မယ့် ပုဂ္ဂိုလ်တွေအနေနဲ့ အခုရက်ပိုင်းအတွင်း ခရီးမသွားကြဖို့ လွှတ်တော်နာယက သူရဦးရေ့ွှမန်းက အသိပေး ထားကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောပါတယ်။

"နိုင်ငံတော်သမ္မတကြီး ကာကွယ်ရေးဦးစီးချုပ်တို့ နဲ့လေ ပြည်ထောင်စုလွှတ်တော်ဘက် ကတွေ့ဖို့ဟာလေ၊ အဲ့ဒါလေးကအကောင်အထည်ပေါ် လာနိုင်တယ်၊ ဒီရက်ပိုင်းအတွင်းမှာ ခရီးစဉ်တွေကိုရပ်ထားပေးပါလို့ လွှတ်တော်နာယကကြီးက စကားဦးသန်းလာ တာ ပေါ့လေ၊ ၆ ပွင့်ဆိုင်လေး ကမကြာခင်ဖြစ်လာနိုင်တယ်၊ ပြီးခဲ့တဲ့ကာလမှာ သမ္မတကြီးနဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့တယ်၊ လွှတ်တော်နာယကကြီးနဲ့ သမ္မတကြီးက ပြီးခဲ့တဲ့ ကာလလေးတစ်ခုမှာတွေ့ခဲ့တယ် လို့ ပြောပါတယ်၊ ဒီလိုပဲ ပြည်ထောင်စု လွှတ်တော်နာယကကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်ကလည်းတွေ့ခဲ့တယ် လို့ပြောပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် ၊ လွှတ်တော် ဥက္ကဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုမယ့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်တို့ ပါဝင်တဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ကို ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့ တဲ့နှစ် နိုဝင်ဘာလက ပြည်ထောင်စုအစိုးရကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။