လူသားချင်းစာနာမှုအတွက် သမ္မတ ဦးသိန်းစိန်ကို ကန် အမတ် မေတ္တာရပ်ခံ

အမေရိကန်အထက်လွှတ်တော် နိုင်ငံတကာဆက် ဆံရေးကော်မတီ ဥက္ကဌ ရောဘတ် မန်နန်ဒက်ဇ် (Robert Menendez) က မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေအပေါ် မတရားဖိနှိပ်ချုပ်ချယ်မှုတွေကို ရပ် ဆိုင်းပြီး နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအ ဖွဲ့တွေအနေနဲ့ ရခိုင်ပြည်နယ်မှာ သူတို့လုပ်ငန်းတွေ ပြန် လည်စတင်နိုင်အောင် အမြန်ဆုံး ဆောင်ရွက်ပေး ဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံ လိုက်ပါတယ်။

မေလ ၂၁ ရက်နေ့စွဲနဲ့ ရေးသားပေးပို့လိုက်တဲ့ အဲဒီ စာမှာ အထက်လွှတ်တော် အမတ် မန်နန်ဒက်ဇ် က မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ မူစလင် အသိုင်းအဝန်းအကြားက ပြဿနာတွေနဲ့ ရခိုင်ပြည် နယ်က အခြေ အနေတွေကို ထည့်သွင်းဖေါ်ပြ ရင်း ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာခဲ့တာမှန်ပေမယ့် အဲဒီတိုး တက်မှုတွေ ဆက်လက်ဖြစ်ထွန်းရေးအတွက် အနှောက်အယှက်ဖြစ်စေနိုင်တဲ့ လူအခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ လေးနက်တဲ့ ပြဿနာတချို့ တည်ရှိနေတာကို သူ့အနေနဲ့ စိုးရိမ်ပူပန်မိပါကြောင်း ရေးသားထားပါတယ်။

တဆက်တည်းမှာပဲ ရိုဟင်ဂျာ ၁ သိန်းခွဲနီးပါး ဒုက္ခရောက်နေပုံ၊ နိုင်ငံတကာကူညီရေးအဖွဲ့တွေ ရခိုင်ပြည်နယ်မှာ တိုက်ခိုက်နှင်ထုတ်ခံရပုံနဲ့ မြန်မာပြည်သူတွေထံ အကူအညီတွေရောက်ရှိရေးအတွက် အဟန့်အတား ဖြစ်နေ ပုံတွေကိုဖေါ်ပြကာ သမ္မတဦးသိန်းစိန်အနေနဲ့ အဆောတလျှင် အရေးယူဆောင်ရွက်ဖို့ အမေရိကန်အထက်လွတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဌ က တိုက်တွန်းထားပါတယ်။

အဲဒီမေတ္တာရပ်ခံစာမိတ္တူတွေကို အမျိုးသားလွှွတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို၊ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီး ဗိုလ်ချုပ်ခင်ရီနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ထံပေးပို့ခဲ့ကြောင်းလည်း သိရပါတယ်။