သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂရဲ့ အပြောင်းအလဲဖော်ဆောင်မှုဆု လက်ခံရယူ


2013.04.29
utheinsein-escap-305.jpg ထိုင်းနိုင်ငံမှာကျင်းပတဲ့ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် ESCAP အဖွဲ့ရဲ့ အစည်းအဝေးမှာ မြန်မာသမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြော ကြားနေစဉ်
photo: Ye Htut

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) အဖွဲ့ရဲ့ ၆၉ ကြိမ်မြောက် အစည်းအဝေးကို ဒီကနေ့တက်ရောက်ပြီး၊ အဲဒီအဖွဲ့က ချီးမြှင့်တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုဆုကို လက်ခံရယူခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့လူမှုရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ESCAP အဖွဲ့ရဲ့ဆုကို ချီးမြှင့်ခံရတာဖြစ်ပါတယ်။

ESCAP အစည်းအဝေးကို ဧပြီလ ၂၅ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး၊ နိုင်ငံပေါင်း ၄၀ ကျော်က ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။ ဒီကနေ့အစည်းအဝေးမှာတော့ အာရှနဲ့ ပစိဖိတ်ဒေသ သဘာဝဘေးဒဏ် ကာကွယ်တိုက်ဖျက်ရေး၊ စီးပွားရေးအကြပ်အတည်းနဲ့ စိန်ခေါ်မှု အခက်အခဲကိစ္စတွေကို အလေးထားဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။