တကသ ဥက္ကဋ္ဌဟောင်း ဦးတင်ထွန်း (နတ်မောက်) ကွယ်လွန်

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးတင်ထွန်း (နတ်မောက်) အသက် ၈၃နှစ်ရဲ့ ဈာပနကို ဒီကနေ့ နေ့လည်ပိုင်းက ရေဝေးသုဿန်မှာ သဂြ ႋုလ်ခဲ့ရာမှာ မျိုးဆက်သစ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက နောက်ဆုံးဂါရဝပြုခဲ့ကြပါတယ်။

ဦးတင်ထွန်း (နတ်မောက်) ဟာ မကွေးတိုင်း နတ်မောက်မြို့မှာ မွေးဖွားခဲ့ကာ ၁၉၅၀-၅၁ ခုနှစ်မှာ အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ၁၉၅၄-၅၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဦးတင်ထွန်းလို သမိုင်းခေတ်မျိုးစုံကို ဖြတ်သန်းတွေ့ကြုံခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦး ကွယ်လွန်သွားတာဟာ မျိုးဆက်သစ်ကျောင်းသားတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမူဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂaခါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစည်သူမောင်က ပြောပါတယ်။

ဦးတင်ထွန်းဟာ ၁၉၅၃ ခုနှစ် အောက်တိုဘာလမှာ ကျောင်းသားတွေကတောင်းဆိုခဲ့တဲ့ ကျောင်းတစ်လပိတ်ရေး အရေးတော်ပုံကြောင့် ရာသက်ပန်ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသားတွေ ကျောင်းပြန်လည်တက်ရောက်ခွင့်ရရေးနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ကျောင်းသားတွေ လွတ်မြောက်ရေးတွေကို ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဈာပနအခမ်းအနားကို ဒဂုံတက္ကသိုလ်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် စတဲ့ကျောင်းတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေက ဝမ်းနည်းကြောင်းသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။