ဦးဝင်းတင် ကျောက် ကပ်ဆေးကြောမှု အောင်မြင်

0:00 / 0:00

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဆရာဦးဝင်းတင် ကို မနေ့ညက ပထမအကြိမ် ကျောက်ကပ်ဆေးကြော ကုသမှုမှာ အောင်မြင်ခဲ့ပြီး၊ လိုအပ်သလို ဒုတိယ အကြိမ် ထပ်မံဆေးကြောမယ်လို့ သိရပါတယ်။

ဆရာဦးဝင်းတင်ကို သောကြာနေ့ မနေ့ က ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ အခြား ၈၈ မျိုးဆက် ခေါင်းဆောင်တွေ၊ တခြားနိုင်ငံရေး လှုပ်ရှားသူတွေနဲ့ အသိမိတ်ဆွေတွေ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

နယ်တချို့မှာလဲ ဆရာဦးဝင်းတင် အမြန်ဆုံးပြန်လည် ကျန်းမာဖို့ ဆုတောင်းမေတ္တာ ပို့သပွဲတွေ ပြုလုပ်ခဲ့ ကြပါတယ်။

ဆရာဦးဝင်းတင်ရဲ့ ကျန်းမာရေးနောက်ဆုံးအခြေ အနေနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။