ဦးဝင်းတင် ကျန်းမာရေးအတွက် ပုသိမ်မှာ ဆုတောင်းပွဲပြုလုပ်


2014.04.17
uwintin-305.jpg သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ပုံ
Photo: RFA

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာ အဖြစ် ဆေးဝါးကုသမှုခံယူနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေးပြန်ကောင်းဖို့ အတွက်ရည်ရွယ်ပြီး ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာနေ ထိုင်ကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပုသိမ်မြို့ တကောင်းဘုရား မှာ ဒီနေ့မနက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

"ကျနော်တို့ လုပ်ရတဲ့ရည်ရွယ်ချက် ကတော့ နှစ်သစ်ကို ကူးပြောင်းတဲ့အချိန်မှာ ဆရာကြီး ဦးဝင်းတင်ကို ကျန်းမာရေးကောင်း ပါစေဆိုတဲ့ဆန္ဒနဲ့ နိုင်ငံရေးသမားတွေစုပြီးတော့ ဘုရားမှာတက်ပြီး ဆုတောင်းပွဲ လုပ်တာပါခင်ဗျ၊ ဆရာကြီး ဦးဝင်းတင်ဟာ နိုင်ငံရေး ရှေ့ဆုံးကနေ အမြဲတမ်း ပါဝင်ခဲ့တယ်၊ မှန်ကန်တဲ့ဘက်ကနေ အမြဲတမ်းရပ်တည်နေခဲ့တယ် အဲ့လိုပဲ ယူဆပါတယ်"

အခုဧပြီလဆန်းပိုင်း တုန်းကလည်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေဒေသခံတွေက သတင်းစာဆရာကြီး ဦးဝင်းတင် ကျန်းမာရေးပြန်ကောင်းဖို့အတွက် ဆုတောင်းပွဲတွေ လုပ်ခဲ့ကြပါသေးတယ်။

အခုလက်ရှိမှာ ဆရာကြီးဦးဝင်းတင်ရဲ့ကျန်းမာရေးအခြေအနေဟာ တိုးတက်ကောင်းမွန်နေပြီဖြစ်ပြီး စိတ်ချရတဲ့ အနေအထားဖြစ်အောင် နောက်ထပ်ရက်အနည်းငယ် အထူးကုသဆောင်မှာ နေရဦးမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။