ဆရာ ဦးဝင်းတင် ကျန်းမာရေး စိုးရိမ်နေရ

0:00 / 0:00

0:00 / 0:00

NLD နာယက ဆရာဦးဝင်းတင်ရဲ့ ကျောက်ကပ်ပုံမှန် အလုပ်မလုပ်တဲ့အတွက် လိုအပ်ရင် ကျောက်ကပ် ကိုဆေးကြောမှာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ် ဆရာဝန်ကြီး ဦးလှမြင့် က RFA ကို ဒီကနေ့ သောကြာနေ့မနက်မှာ ပြောပါတယ်။ ဆရာဦးဝင်းတင်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေ အထွေထွေကြောင့် ပြန်လည်နလံထူအောင် အချိန်အတော်ပေးရမှာဖြစ်တယ်လို့လည်း ဆရာဝန်ကြီးကဆိုပါတယ်။

ဥရောပကနေ မြန်မာနှစ်ဆန်းတရက်နေ့မှာ ပြန် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီနေ့ညနေမှာပဲ ဆရာဦးဝင်းတင်ကို သွားရောက်ကြည့်ရှုခဲ့ဲပါတယ်။ အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး နိုင်ငံခြား သွားရောက် ကုသမှုခံယူရေးကိစ္စတွေကိုလည်း မိသားစုဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုင်ပင်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဆရာဦးဝင်းတင်ရဲ့ မိသားစုဝင် ကိုပေါက်နဲ့ RFA ဆက်သွယ်မေးမြန်းချက်ကိုနားဆင်ပါ။

ရန်ကုန်ဆေးရုံအုပ်ကြီးဖြစ်တဲ့ ဆရာဝန်ကြီး ဦးလှမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်ကိုလည်း နားဆင်နိုင်ပါတယ်