ဆရာဦးဝင်းတင် အမောဖေါက်

0:00 / 0:00

ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဆရာ ဦးဝင်းတင် ဟာ မူလရှိခဲ့တဲ့ ရင်ကြပ်ရောဂါပြန်လည်ဖြစ်ပါွးလု့ိ စနေနေ့ ညက သုံးကြိမ်အထိ အသက်ရှူကျပ် အမောဖေါက်ခဲ့တယ် လို့ မိသားစုဝင်တဦးဖြစ်တဲ့ ဦးပေါက်က တနင်္ဂနွေနေ့ မနက်မှာ RFA ကို ပြောပါတယ်။

သက်ဆိုင်ရာ ဆေးရုံကြီးတာဝန်ရှိသူတွေက သိပ်ပြီး စိုးရိမ်စရာမရှိကြောင်း ပြောဆိုပေမယ့် မိသားစု ဝင်တွေကတော့ အခြေအနေကို စိုးရိမ်နေရ ဆဲဖြစ်ကြောင်း ပြောပါတယ်။ ဆရာဦးဝင်းတင် ကို မနေ့က ချမ်းမြေ့ဆရာတော်နဲ့ တခြားသံဃာတချို့ အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ သူ့ရဲ့ကျောက်ကပ်ကို အခုထိ နှစ်ကြိမ် ဆေးကြောခဲ့ ပြီးဖြစ်ပါတယ်။

ဦးပေါက်နဲ့ RFA ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။