ဝ အဖွဲ့ကို ငြိမ်းချမ်းရေး စကားပြောဖို့ ကြားလူက တဆင့် ကမ်းလှမ်း

2011-08-30

UWSA ၀ ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို ပြည်နယ်အလိုက် ငြိမ်းချမ်းရေး စကားပြောဖို့ အစိုးရရဲ့ ၀ ကိုယ်ပိုင် အုပ်ချုပ်ရေးတိုင်း ဦးစီးကော်မတီက ကမ်းလှမ်းတာကို UWSA အဖွဲ့က ဘာအကြောင်း ပြန်ကြား ချက်မှ မပေးဘူးလို့ RFA ကို ပြောပါတယ်။

Photo Courtesy of UWSA

ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ်၂ဝပြည့် အခမ်းအနား ဧပြီ ၁၇ရက်နေ့က ပန်ဆန်းတွင် ကျင်းပစဉ် စစ်ရေးပြနေသော ဝပြည် သွေးစည်းညီညွတ်ရေး (UWSA) တပ်ဖွဲ့များ ဖြစ်ပါသည်။ (Photo Courtesy of UWSA)

ပြီးခဲ့တဲ့ အပတ်တွေ အတွင်း ပြည်ထောင်စု လွှတ်တော်မှာ ငြိမ်းချမ်းရေး ကော်မတီ တရပ် ဖွဲ့စည်းလိုက်ပြီးတဲ့ နောက် ပြည်နယ် အလိုက် ငြိမ်းချမ်းရေး စကားပြောဖို့ ၀ ကိုယ်ပိုင် အုပ်ချုပ်ရေး တိုင်းဦးစီး ကော်မတီ ဥက္ကဌ ဦးထွန်းလူက UWSA ကို တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားတယ်လို့ UWSA နိုင်ငံခြားရေး ဌာန အရာရှိ တဦးက ပြောပါတယ်။

“၂၀ ရက်နေ့က သူ ကျနော့်ဆီ ဖုန်းဆက်လာတယ်။ သူက ဟိုပန်မှာ ကျတော်က မိုင်းမောက် ဆိုတော့ နီးတယ်လေ။ သူ့ဆီမှာ ပြည်နယ် ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းတဲ့ စာရောက် လာတယ်လို့ ပြောတယ်။ ငြိမ်းချမ်းရေး လိုလားတယ် ဆိုရင် ဆွေးနွေးမယ် ဆိုရင် သူတို့ဆီကနေ လာဆက်သွယ် ဆွေနွေး တင်ပြလို့ ရပါတယ်လို့ ပြောတယ်။ ကျနော်က အထက်ကို တင်ပြမယ်လို့ ပြောလိုက်တယ်။ အထက်ကလည်း ဒီကနေ့ထိ ဘာမှ အကြောင်း မပြန်သေးဘူးပေါ့”

အလားတူ RFA က UWSA ပြောခွင့်ရ ဦးအောင်မြင့်ကို ဆက်သွယ် မေးမြန်းတဲ့အခါ ဒီကိစ္စကို လတ်တလော ဗဟိုကော်မတီမှာ ဆွေးနွေ ဆုံးဖြတ်တာ မကြားသိရဘူးလို့ ဖြေပါတယ်။ UWSA ကို ဆက်သွယ်လာတဲ့ ဦးထွန်းလူဟာ UWSA ကို တယ်လီဖုန်းနဲ့ ဆက်သွယ် ခြင်းသာဖြစ်ပြီး တရားဝင် အကြောင်းကြားစာ ပို့တာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။

ဦးထွန်းလူဟာ ၀ အမျိုးသားတဦး ဖြစ်ပြီး အစိုးရက ၀ ကိုယ်ပိုင် အုပ်ချုပ်ရေးတိုင်း ဦးစီး ကော်မတီ ဥက္ကဌတာဝန် ပေးအပ် ခံရသူ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၀ အပါအ၀င် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ၈တိုင်း ပေးထားပေမယ့် UWSA က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ၀ ပြည်နယ် တောင်းဆိုထားတာ ဖြစ်သလို နယ်ကြားစောင့်တပ် ဖွဲ့စည်းရေး ကိုလည်း လက်မခံဘဲ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။

လတ်တလော အနေနဲ့ ၀ ပြည်နယ်အတွင်း အစိုးရတပ်များနဲ့ UWSA တပ်များ တိုက်ပွဲများ ဖြစ်ပွားတယ်လို့ မကြားရဘဲ တဘက်နဲ့ တဘက် သတိထား စောင့်ကြည့် နေတယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ငြိမ်းချမ်းရေးအဖွဲ့နဲ့ RCSS ထပ်မံတွေ့ဆုံမည်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ABSDF အဖွဲ့ဝင်ဟောင်းတွေထံက အကြံဉာဏ်ရယူ

ငြိမ်းချမ်းရေး ဆွေးနွေးမှု လက်ရှိအစိုးရ သက်တမ်းအတွင်း ပြီးချင်လို့ ကေအိုင်အို ပြော

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ သဘောတူညီချက် မရသေး

CNF နဲ့ ပြည်နယ် အစိုးရ ဆွေးနွေးဖို့ ချင်းခေါင်းဆောင်တွေ သဘောတူ

အစိုးရက ၀အဖွဲ့ကို ရိက္ခာ ပြန်ပေး

အစိုးရနဲ့ ယာယီ သဘောတူညီချက် UWSA အဖွဲ့တွင်း ရှင်းလင်း

လက်နက်ကိုင်ပဋိက္ခ ဖြေရှင်းဖို့ မြန်မာအစိုးရ စိတ်ထက်သန်နေကြောင်း EU မဟာမင်းကြီးပြော

UWSA ကို သမ္မတ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ