ရောင်းစားခွင့်မရလို့ တောင်းစားနေရပြီ စာတမ်းနဲ့ ဈေးသည်တွေ ဆန္ဒပြ

ရန်ကုန်မြို့ အင်းစိန် ပန်းခြံအနီးမှာ ဈေးရောင်းချခွင့် ပေးဖို့ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ လမ်းဘေးဈေးသည် (၁၅) ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-08-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
vendors-insein-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က ရန်ကုန်မြို့ အင်းစိန် ပန်းခြံအနီးမှာ ဈေးရောင်းချခွင့် ပေးဖို့ လမ်းဘေးဈေးသည်များ တောင်းဆို ဆန္ဒဖော်ထုတ်နေကြစဉ်။
RFA

ဈေးရောင်းချခွင့် ပြန်လည် တောင်းဆိုနေတဲ့ ဈေးသည်အယောက် (၂၀) ကျော်ထဲက (၁၅) ယောက်ကို ရဲတပ်ဖွဲ့ဝင် (၃၀) လောက်က ကားပေါ်တင်ပြီး၊ ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ လွတ်မြောက်သွားတဲ့ ဆန္ဒပြ ခေါင်းဆောင် တစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

"ဒီလိုလုပ်ရင် သူက နည်းဥပဒေတွေ၊ ဥပဒေတွေ ဆိုတာ ရှိတယ်။ ကြိုတင် အကြောင်းကြားရမယ်။ ကြိုတင် အကြောင်းမကြားရင် ကျွန်တော်တို့ ဥပဒေအတိုင်း ဆောင်ရွက်မယ်၊ ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ခေါ်တယ်။ ကျွန်တော်တို့က ပြောတယ်။ ကျွန်တော်တို့က ဆန္ဒပြတာ မဟုတ်ဘူး။ ကျွန်တော်တို့ တောင်းစားတာ။ ဈေးသည်တွေ ဈေးမရောင်းရလို့ တောင်းစားတာပါ။ အဲဒါကို ဘယ်လိုဖမ်းမလဲဆိုတော့ တောင်းစားရင်လည်း တောင်းစားတဲ့ ဥပဒေရှိတယ်။ ခေါ်သွားတယ်"

ဈေးသည်တွေဟာ မိမိတို့ ဈေးရောင်းချခွင့် မရှိတော့တာကြောင့် တောင်းစားနေရပါပြီ ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး၊ တောင်းရမ်း စားသောက်တဲ့ ခွက်တွေနဲ့အတူ ညနေ (၃) နာရီကစတင် ဆန္ဒပြခဲ့ကြချိန်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဖမ်းခံရတဲ့ ဈေးသည်တွေကို အင်းစိန်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA က အသေးစိတ် ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အင်းစိန်ပန်းခြံအနီး ဒက္ခိဏလမ်းမှာ လွန်ခဲ့တဲ့ နှစ် (၂၀) လောက်ကစလို့ ဈေးရောင်းချနေတဲ့ ဈေးသည် ရာနဲ့ချီရှိပြီး သူတို့ကို လုံးဝ ဈေးမရောင်းတော့ဖို့ အခုလ (၃) ရက်နေ့စလို့ အာဏာပိုင်တွေက ပိတ်ပင်လိုက်တာလို့ သိရပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

မီးပွိုင်.ပလက်ဖောင်းပေါ် မှာဈေးေ၇ာင်းနေကြတာတော.လမ်းသွားတဲ.သူတွေကကားလမ်းမပေါ်ကနေသွား၇တာအ၇မ်းအန္တ၇ယ် များပါတယ်။ကားမှတ်တိုင်ဆိုလည်းဈေးဆိုင်တွေနဲ.ပြည်.နေတာ ကားစောင်.၇တာလည်းနေ၇ာမ၇ှိပါဘူးဈေးေ၇ာင်းတာသတ်မှတ်ထားတဲ.ဈေးထဲမှာပဲေ၇ာင်းသင်.ပါတယ် ၀ယ်သူကလည်းဈေးဝယ်ချင်၇င်ဈေးေ၇ာင်းတဲ.နေ၇ာလာဝယ်မှာပါပဲ သေသေချာချာသွားကြည်.ပြီးမှဝေဖန်ပါ အ၇င်တော.နောက်လေးကပ်ေ၇ာင်းကြတယ် တဖြည်း2နဲ.ကားလမ်းမပေါ်ပါ ဈေးဗန်းတွေကေ၇ာက်လာပြီလေ

Aug 14, 2012 06:30 AM

အမည်မဖော်လိုသူ

မဖမ်းသင့်ပါအောက်ခြေဘဝတွေကိုသနားပါ
ဆင်းရဲသားတွေကိုကူညီပါ

Aug 07, 2012 02:12 PM

အမည်မဖော်လိုသူ

မင်းတို့တွေအားရှိဖမ်းဖို့ဘဲစဉ်းစားနေကြတယ် ပြည်သူတွေကိုဘယ်လိုအဆင်ပြေအောင်လုတ်ပေးဖို့မစဉ်းစားကြဘူး၊ ဒီအတိုင်းဆိုမင်းတို့ကြံ့ဖွ့တွေ၂၀၁၅မှာတစ်မဲတောင်ရမှာမဟုတ်ဘူး။ သမ္မတ္တနဲ့အထက်ကလူတွေကောင်းပြီးအောက်ချေဝန်ထမ်းတွေကအားအားရှိပါဝါပြဖို့ဘဲစဉ်းစားနေသမျှဒီတိုင်းပြည်ဘယ်တော့မှကောင်းစားမှာမဟုတ်ဘူး၊ မျှမျှတတစဉ်းစားပေးစေချင်ပါတယ်ဗျာ၊ ပြည်သူချမ်းသာမှဒီတိုင်းပြည်တိုးတက်မယ်မဟုတ်လား?

Aug 07, 2012 08:59 AM

ဝိုင်ဝိုင်

နေရပ်- ပီကေ

ဆန်ဒထုတ်ဖော်တာကို ဖမ်းတယ်ဆိုတော့ အင်း အရင်လိုပဲ တိတ်တိတ်ပြန်နေရတော့မှာပေါ့နော

Aug 07, 2012 02:59 AM

အမည်မဖော်လိုသူ

ကားလမ်းပေါ်မှာဈေးရောင်းတော့လမ်းတွေပိတ်တာပေါ့ လမ်းမပိတ်စေခြင်တော့သူတို့ကိုပိတ်ရတာပေါ့

Aug 07, 2012 01:29 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.