ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့ကလည်း ရန်ကုန်မြို့ ချော်တွင်းကုန်း ပါရမီလမ်းက၊ အဖွဲ့ရဲ့ ခေါင်းဆောင် သခင်သိန်းဖေရဲ့ နေအိမ်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့၏ ခေါင်းဆောင် သခင်သိန်းဖေ၏ နေအိမ်တွင် ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနား ပြင်ဆင်ထားပုံ ဖြစ်ပါသည်။ (Photo: RFA)
သခင်သိန်းဖေရဲ့ နေအိမ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေလည်း တက်ရောက်ကြပြီး စုစုပေါင်း လူ ၂၅၀ နီးပါး ရှိတယ်လို့ သိရပါတယ်။
လွတ်လပ်ရေးရခဲ့တာ ၆၃ နှစ် ရှိသွားပြီဆိုပေမဲ့ မြန်မာပြည်သူတွေကတော့ လွတ်လပ်ရေးကို မခံစားရသေးပဲ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ ခေတ်အဆက်ဆက်မှာ အဆိုးဆုံးပါပဲလို့ ဗြိတိသျှ ကိုလိုနီခေတ်ကနေ စစ်အစိုးရ အုပ်ချုပ်တဲ့ ဒီကနေ့ကာလအထိ ခေတ်မျိုးစုံကိုဖြတ်သန်းခဲ့သူ ဝါရင့်နိုင်ငံရေးသမားကြီး ရွှေတောင် ဦးအုန်းမောင်က ဆိုပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ရွှေတောင် ဦးအုန်းမောင်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |
လွတ်လပ်ရေးနဲ့ ထိုက်တန်ကြောင်း ပြသဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ပြည်တွင်း အဖွဲ့အစည်းအသီးသီး လွတ်လပ်ရေးနေ့ကျင်းပ
ညီညွတ်စွာတိုက်ပွဲဝင်ဖို့ သံဃာ့တပ်ပေါင်းစု တိုက်တွန်း
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး NLD က တဦးချင်း တာဝန်ခွဲယူ
လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး၊ စီးပွားရေး ကြေညာချက်များ NLD ထုတ်ပြန်
နိုင်ငံအရေးအကျဉ်းသား လွှတ်ပေးရေး အဖွဲ့ ၁၁ ဖွဲ့တောင်းဆို
၁၉၉၀ နှင့် ၂၀၁၀ ကိုယ်စားလှယ်များ ဆွေးနွေးဖို့ ဝါရင့် နိုင်ငံရေးသမားများ တိုက်တွန်း
ခေတ်လေးခေတ် တော်လှန်ရေးသမား သခင်အုန်းမြင့်
ဝၝရင့ိုံင်ငံရေးသမားဋ္ဌကီး သခင်သိန်းဖေ၏ ၉၄ိံစြ်ေူမာက်မြေးနေႛ ကဵင်းပ
မှတ်ချက်များ
Click here to add your own comment