NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ပိုမို ထင်ရှားလာမယ်လို့ ဦးထွေးမြင့် ပြော
ဝါရင့်နိုင်ငံရေးသမားကြီးဦးထွေးမြင့်က- “ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကပဲ လွှတ်တော်ကိုယ်စားလှယ် နေရာအများဆုံးကို ရရှိမှာ ဖြစ်တယ်၊ ဒီရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့တာဟာ အင်မတန် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ အစိုးရသစ် ဘယ်လိုပဲ ဖွဲ့ဖွဲ့၊ တွေ့ဆုံဆွေးနွေးရေးကို နောက်ဆုံး လက်ခံရမှာ ဖြစ်တယ်၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ မြန်မာ့ နိုင်ငံရေးမှာ ပိုမို ထင်ရှားလာမှာဖြစ်တယ်” လို့ RFA နဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။
ဦးထွေးမြင့်နဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းခန်းကို နားဆင်နိုင်ပါတယ်။