ဒုတိယ သမ္မတရာထူး သြဂုတ် ၁၅ ရက်မှာ တရားဝင်ရွေးဖို့ရှိ

လစ်လပ်နေတဲ့ ဒုတိယသမ္မတ ရာထူးကို မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကနေ ရွေးချယ် တင်မြှောက်မယ်လို့ အမျိုးသား လွှတ်တော်ရုံးရဲ့ ဒီကနေ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
2012-08-14
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
navy-vice-admiral-nyan-tun-b305
တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်ရှိစဉ် တွေ့ရပုံ။
AFP

ဒုတိယသမ္မတ ရာထူးအတွက် ကာကွယ်ရေး ဦးစီးချုပ် (ရေ) အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက ရွေးချယ်ကြောင်း ကြားသိရတဲ့သတင်းကို RFA က ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့မှာ ဦးစွာ ပထမ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

ဒီကနေ့လည်း ဒုတိယ သမ္မတ ရာထူးနေရာကို ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ရရှိမယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝိုင်းကနေ သိရကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က RFA ကို ပြောပါတယ်။

"ရေတပ်က ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းပဲ ဖြစ်မယ်ထင်တယ်။ ဗိုလ်ချုပ် မြင့်ဆွေ မဟုတ်တော့ဘူး။ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းလို့ တင်လိုက်ပြီလို့ ကြားတယ်။ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို တပ်မတော်သားတွေက တင်ပြီဆိုတာနဲ့ ဒုတိယ သမ္မတ ရွေးချယ်ရေး ၇ ဦးပါတဲ့ ကော်မတီက စီစစ်မှာပါ။ စီစစ်ပြီးခါမှ သူ့မှာ အရည်အချင်းနဲ့ ညီညွတ်တယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်မှာ အဆိုပြုမှာပဲလေ။ ပြည်ထောင်စု လွှတ်တော် အမတ်တွေက အတည်ပြုပေးလိုက်ရင် ဒုတိယ သမ္မတ ဖြစ်သွားမှာပါ။ အထူးသဖြင့် ပင်လယ်ပြင်တွေ အများကြီးရှိတဲ့ ပြည်နယ်တစ်ခုက လွှတ်တော်အမတ် တစ်ဦးရဲ့ ဆန္ဒကတော့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကို ဖွဲ့စည်းပုံအရ ဆိုရင်တော့ ဒုတိယသမ္မတ၊ နံပါတ်နှစ်ကိုနော်၊ အဆိုပြုတာကို ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်"

ဒုတိယသမ္မတ ရာထူးအတွက် တခြား ထင်ကြေးပေး ခံနေရသူတွေကတော့ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝိုင်းက ပြောပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

No

နေရပ်- No

The same product just change the packing paper and Company name.

Aug 14, 2012 11:53 AM