ကုလအထူးကိုယ်စားလှယ် နမ်းဘီးယား ရခိုင်အစိုးရနဲ့ ဆွေးနွေး


2013.09.01
vijay-nambiar-620.jpg ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Min Thein Aung

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Vijay Nambiar ဟာ ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်း နှစ်ခု ပြန်လည်သင့်မြတ်ရေးကိစ္စရပ်တွေကို လေ့လာဖို့ အတွက် စစ်တွေမြို့ကို ဒီကနေ့ မနက်ပိုင်းက ရောက်ရှိ လာခဲ့ပါတယ်။

ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား အချင်းချင်း ပြန်လည် သင့်မြတ်ရေးဆိုင်ရာကိစ္စအတွက် အဓိကလာရောက် တာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် စကားပြန်ကတတဆင့် အခုလိုပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်အရေးကိစ္စကို အစိုးရက ဖြေရှင်းပေးရေးဟာ အဓိကကျကြောင်း Mr. Nambiar က ပြောဆိုခဲ့ပါတယ်။

Mr. Nambiar ဟာ ဒီနေ့နေ့လည်ပိုင်းမှာ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောနဲ့ စစ်တွေမြို့နယ်တွေက ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။