ဆက်လက်ပြီး မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရအပေါ် ဖိအားတွေ ပိုပြီးပေးစေချင်ကြပါတယ်၊ အခုတော့အခြေအနေက ပြောင်းသွားပါပြီ၊ မြန်မာပြည်မှာ ကုလသမဂ္ဂအနေနဲ့ ပိုမိုဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍ ရှိလာနေပါပြီ၊ မြန်မာပြည်မှာ ကုလသမဂ္ဂ က ဦးစားပေးဆောင်ရွက်မယ့် ကိစ္စတွေလည်းရှိပါတယ်၊ ၂ဝ၁၄ခုနှစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးကိစ္စ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိစ္စ၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကိစ္စတွေမှာ ကုလသမဂ္ဂရဲ့ ပါဝင်ကူညီနိုင်တဲ့ အခန်းကဏ္ဍ ပိုပြီးကျယ်ပြန့်လာနေပါတယ် လို့ မစ္စတာ Vijay Nambir က ပြောပါတယ်။