ဒါဟာ ခေတ်မှီတဲ့ နည်းစနစ်နဲ့ ငွေသုံးစွဲမှု အလွဲအပြောင်းကိစ္စတွေကို မြန်မာနိုင်ငံမှာ အောင်မြင်စွာ စတင်အသုံးပြုလာနိုင်တာဖြစ်ပြီး၊ VISA ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အာမခံချက်တွေအတိုင်း မြန်မာနိုင်ငံမှာ ဆောင်ရွက်သွားဖို့ VISA ကုမ္ပဏီကလည်း သဘောတူလက်ခံထားကြပါတယ်။
အခုလို VISA ကဒ် ကုမ္ပဏီနဲ့ မြန်မာပြည်တွင်းကဘဏ်တွေ အတူတကွလက်တွဲလုပ်ဆောင်နိုင်တာကို ဂုဏ်ယူကြောင်းနဲ့ ဒါဟာ ခေတ်မှီတဲ့ နည်းစနစ်တွေနဲ့ ငွေကြေးသုံးစွဲမှုအတွက် အရေးကြီးတဲ့ ခြေလှမ်းအစဖြစ်တယ်လို့လည်း VISA ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။