ပြီးခဲ့ တဲ့  ၁၇ ရက်နေ့က လောင်းလုံပညာရေးရေးမှုးရုံးကို ထားဝယ်မှာ သင်တန်းတက်ရမယ့် ဆရာဆရာမ ၇၀ ခန့်ကို သင်တန်းတက်ရမယ့် ရက်ရွှေ့ဆိုင်းပြီး ကြိုတင်မဲထည့်ခိုင်းတယ်လို့ 
လောင်လုံမြို့  နယ် NLD အောင်နိုင်ရေးအဖွဲ့ ဝင် ကိုဇော်ကြီးက ပြောပါတယ်။
အလားတူပဲ ဒီလ ၁၅ ရက်နေ့ ကလဲ ထားဝယ်ပညာရေး ကောလိပ် ပထမ နဲ့ ဒုတိယနှစ် ကျောင်းသူ ကျောင်းသား တွေ ကို လောင်းလုံ ဒေသခံရော ဒေသခံမဟုတ်သူတွေရော
အားလုံးကို ကြိုတင်မဲ အဓမ္မ ထည့်ခိုင်းတာ ၊ ကဒက်ကြီး ရွာလဲ မဲရုံမှုးလုပ်မဲ့  ကျောင်း အုပ်ဆရာမကြီး ဒေါ်ကေသီက ကြံ့ခိုင်ရေးပါတီကို မဲ ထဲ့ရမယ်လို့  ခြိမ်းချောက် ပြောဆို တာတွေရှိတယ်လို့ 
ဒေသခံ တဦး က ပြောပါတယ် ။
အခုလို လောင်းလုံမြို့ နယ်မှာ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲ အဓမ္မထည့်ခိုင်းနေတဲ့ ကိစ္စတွေနဲ့ ပါတ်သက်ပြီး လောင်း လုံ NLD အဖွဲ့  က အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ထံကို
အကြောင်းကြားထား တယ်လို့  သိရပါတယ်။