နယ်မြေတချို့မှာ မဲစာရင်းအမှား ၇၀% အထိ တွေ့ရ

0:00 / 0:00

ရွေးကောက်ပွဲစောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့အစည်းတချို့နဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက နယ်မြေတချို့ကို စမ်းသပ်နယ်မြေတွေအဖြစ် အခြေခံမဲစာရင်းတွေ ပြန်လည်စစ်ဆေးနေရာ မှာ မဲစာရင်းအမှား ၇၀%လောက်အထိ တွေ့ရှိရတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

စမ်းသပ်နယ်မြေတွေသတ်မှတ်၊ လက်တွေ့ကွင်းဆင်းပြီး စာရင်းတွေ ပြန်လည်ကောက်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းများကို ပြီးခဲ့တဲ့စနေနေ့က စတင်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဖန်တီးအိမ် ရွေးကောက်ပွဲစောင့်ကြည့် အဖွဲ့က ဒေါ်ရွှေရွှေစိန်လတ်က ပြောပါတယ်။

"မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ လုပ်တဲ့အဖွဲ့တွေပေါ့၊ ကျမတို့က ဟိုးအရင် Pilot Project တုန်းကပါတော့လေ ၊ လောလောဆယ် ကျမဆီမှာ စာရင်းအတိအကျ မရှိသေးဘူးလေ၊ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့စနေနေ့မှ စလုပ်ကြတာလေ၊ အခု ကျမသိသလောက်ကတော့ တာမွေမှာလည်း ကျမကလေးတွေ အကြောင်းကြားတာ ၇ဝ ရာခိုင်နှုန်းမှားတယ်၊ တချို့နေရာတွေမှာ ၃ဝ ရာခိုင်နှုန်းတဲ့၊ တချို့နေရာတွေမှာ ၅ဝ ရာခိုင်နှုန်းတဲ့"

အခုလိုဆောင်ရွက်တဲ့အခါ တချို့ရပ်ကွက်တွေမှာ အခက်အခဲတွေရှိပြီး ရပ်ကွက်အာဏာပိုင်တွေက တားဆီးတာမျိုးတွေ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

အလားတူNLD ပါတီကလည်း နေပြည်တော်ကောင်စီ နယ်နိမိတ်အတွင်း မဲစာရင်းစစ်ဆေးမူတွေ ဆောင်ရွက်နေရာ မှာ၊ ပါတီဝင်နှစ်ဦး ပိုင်နက်ကျူးလွန်မူနဲ့ အရေးယူခံနေရပါတယ်။ စာရင်းကောက်ယူမှုတွေအရ ဝန်ထမ်းတွေ နေထိုင် ရာရပ်ကွက်တွေဖြစ်တဲ့ ဇဗ္ဗူသီရိမြို့နယ်မှာ လူဦးရေလေးသောင်းဝန်းကျင် မဲစာရင်းကနေ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ခုလိုမဲစာရင်းများ မှားယွင်းတာနဲ့ ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အမြင်တွေကို ဦးတင်အောင်ခိုင် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။