ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း စောင့်ကြည့်အဖွဲ့ဟာ ဝါသနာတူ လူငယ်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ စောင့်ကြည့်ခဲ့တဲ့ အတွေ့အကြုံရှိသူတွေ ပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ မြို့နယ်ပေါင်း ၂၁ မြို့နယ်ရှိ မဲရုံပေါင်း ၁၀၁ ရုံမှာ စောင့်ကြည့်ရေးအဖွဲ့ဝင် ၄၀၀ နဲ့ စောင့်ကြည့်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် မဲပေးတဲ့ကတ်ပြားပေါ်မှာ မသမာမှု ပြုလုပ်တာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အခြေအနေအရ ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားပြီး မသမာမူတွေဟာ ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ ထိခိုက်မှု မရှိဘူးလို့ အဖွဲ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီအဖွဲ့ရဲ့ ထုတ်ပြန်လိုက်တဲ့ ပဏာမအစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
0:00 / 0:00