နွေစပါးအတင်း စိုက်ခိုင်းပြီး ရေမပေး၍ လယ်သမားများ အခက်တွေ့

ပဲခူးတိုင်း သာယာဝတီမြို့နယ်နဲ့ မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်အတွင်းက လယ်သမားတွေဟာ နွေစပါး မစိုက်မနေရ စိုက်ခိုင်းတာကြောင့် အခက်အခဲ တွေ့ကြုံနေကြရတယ်လို့ သိရပါတယ်။

0:00 / 0:00

သာယာဝတီမြို့နယ် ကျွန်းကုန်း၊ သုံးဒေါင့်ကန် ကျေးရွာနဲ့ ချောင်းနှစ်ခွ ကျေးရွာအုပ်စုအတွင်းက လယ်ကွင်းတွေကို သဲတောဆည်ကနေ ရေလုံလောက်အောင် မပေးဘူးလို့ လယ်သမားတယောက်က RFA ကို ပြောပြပါတယ်။ မြို့နယ် အာဏာပိုင်တွေက နွေစပါးမစိုက်မနေရ စိုက်ခိုင်းခဲ့တာပါ။ တကယ်လို့ မစိုက်ဘူးဆိုရင် လယ်သိမ်းမယ် ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာလည်း သစ်စိမ့်ကုန်း၊ ကန်ဘေးစတဲ့ ကျေးရွာတွေက လယ်မြေတွေ မှာ ကင်မွန်းတောင်ဆည်နဲ့ တောင်နှစ်လုံး ဆည်မြောင်းအာဏာပိုင်တွေက မဖြစ်မနေ နွေစပါး စိုက်ပျိုးခိုင်းခဲ့ ပြီး အခုတော့ ရေမပေးလို့ အခက်တွေ့ နေကြရတယ်လို့ သိရပါတယ်။

ဒီအကြောင်း အသေးစိတ်ကို RFA သတင်းထောက် ကိုရဲထက်က သတင်း ပေးပို့ထားပါတယ်။

အသံဖိုင်ယူရန်