ဒါ့အပြင် မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ မြို့နယ် တချို့က ရေကြီး ရေလျှံတာတွေဟာ သဘာ၀ ဘေးဒဏ် တခုတည်းကြောင့် မဟုတ်ဘဲ လယ်ယာမြေ အသုံးချမှု၊ ရေမြောင်း ဖောက်လုပ်မှု၊ ဆည်တွေ ရေဖောက်ချမှု စတာတွေကြောင့် ဖြစ်နိုင်ကြောင်းလည်း သူက ပြောပါတယ်။ ပြည်သူလူထု အနေနဲ့ သဘာ၀ ဘေးအန္တရာယ်တွေကို မျက်ခြေမပြတ် လေ့လာပြီး ကြိုတင် ကာကွယ်ရေး ကိစ္စတွေမှာ အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့လည်း မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှုးချုပ်ဟောင်း ဦးထွန်းလွင်က အကြံပြု ပြောကြားပါတယ်။ ဦးထွန်းလွင်နဲ့ ဒေါ်ခင်ခင်အိ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
0:00 / 0:00