Western Union နှင့် Myanmar Oriental Bank သဘောတူညီချက် လက်မှတ်ရေးထိုး

ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပြည်တွင်းရှိ မိသားစုတွေ စိတ်ချလက်ချ ငွေပေးငွေယူ ငွေလွှဲပို့ပေးနိုင်ဖို့အတွက် အမေရိကန်အခြေစိုက် ကမ္ဘာကျော် Western Union ကုမ္ပဏီက လာရောက် လုပ်ငန်းဖော်ဆောင်တော့မယ်လို့ သိရပါတယ်။
2012-09-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဒါနဲ့ပတ်သက်ပြီး ဖက်စပ်လုပ်ငန်း အကောင်အထည်ဖော်နိုင်ဖို့ မြန်မာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Myanmar Oriental Bank နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပြီလို့ ကုမ္ပဏီအရာရှိတွေက မနေ့က ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စု ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာစတဲ့ မြို့ကြီး ၁၉ မြို့မှာ လုပ်ငန်းစတင်မယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရုံးခွဲတွေ ဖွင့်လှစ်ထားတဲ့ အဲဒီ Western Union ကုမ္ပဏီကြီးရဲ့ Asia Pacific ဒေသဆိုင်ရာဌာနခွဲ ဒုတိယ ဥက္ကဋ္ဌ Drina Yue က နိုင်ငံရပ်ခြားမှာ ရောက်နေကြတဲ့ မြန်မာလူမျိုး သိန်းပေါင်းများစွာနဲ့  သူတို့ မိသားစုတွေအတွက် ထိရောက်မြန်ဆန်ပြီး စိတ်ချရတဲ့ ငွေလွှဲလုပ်ငန်း ဖော်ဆောင်ပေးဖို့ ရည်မှန်းကြောင်း ပြောသွားပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Maung Lwin

နေရပ်- Toronto,Canada

Please be careful about Western Union!!!!!!!

Sep 12, 2012 08:04 AM

lun Maung

နေရပ်- lun2003@gmail.com

The almost of Banking back ground from Burma are from drug and not clean money both of investors and SPDC's generation.

Please check for our clean money to flow in Burma.

We found the Asia World connections are so many branches and we have to make inquiry for those drug money and corrupted money with POWER from land, state owned building and etc.

Sep 12, 2012 02:28 AM