ရင်ကြားစေ့ရေးကိစ္စ အစိုးရ ကိုယ်တိုင် ဆန္ဒရှိမှ ဖြစ်မယ်

2011-06-03

အစိုးရ ကိုယ်တိုင်က ဆန္ဒရှိမှာသာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဇွန်လ(၂) ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

RFA

မြန်မာနိုင်ငံကို (၃) ရက်ကြာ ခရီးအဖြစ် အလည်အပတ်ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း နဲ့ တွေ့ဆုံဆွေးနွေး အပြီး ဇွန်လ ၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေပုံ။

မြန်မာနိုင်ငံကို (၃) ရက်ကြာ ခရီးအဖြစ် အလည်အပတ် ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း နဲ့ တွေ့ဆုံဆွေးနွေး အပြီး နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဂျွန်မက်ကိန်းက မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာအောင် သူ့ရဲ့ မြန်မာပြည် ခရီးစဉ် အတွင်း အစိုးရကို တိုက်တွန်းသွားမယ်လို့ ထိုင်းနိုင်ငံမှာ ပြောကြားခဲ့တဲ့ အကြောင်းပေါ် အခြေခံပြီး မြန်မာ သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

"သူ့ဖက်က စေတနာကတော့ အပြည့်အ၀ဘဲ။ ဒါပေမဲ့ တဖက်က စေတနာရှိတိုင်းလည်း ပြီးတာတော့ မဟုတ်ဘူး။ ဒီလို ရင်ကြားစေ့ရေးဆိုတာ နှစ်ဖက်စလုံးက ပါမှ ဖြစ်မှာ။ အစိုးရဖက်ကလည်း လိုလားလာတဲ့အခါမှ ဖြစ်မှာ"

ဒါ့အပြင် အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရတို့ကြား ဆက်ဆံရေးထက် အမေရိကန် ပြည်သူတွေနဲ့ မြန်မာ ပြည်သူတွေကြား ဆက်ဆံရေးက ပိုကောင်းတယ်လို့ သူမြင်မိကြောင်းလဲ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

တဖက်မှာ တရုတ် အစိုးရနဲ့လဲ ကောင်းမွန်တဲ့ ရေရှည် ဆက်ဆံရေး ဖြစ်ပေါ်လာရေးကို လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေအိမ် ခြံဝင်းအတွင်း (၁၅) မိနစ်ကြာလောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက် တွေနဲ့ ပတ်သက်ပြီး RFA၀ိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်