အာရှ (၅) နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်မှာ ဖြစ်ပါတယ်။
မစ္စတာ William Burns ဟာ သမ္မတ ဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
အခု ခရီးစဉ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာရောက်ခဲ့ပြီးတဲ့နောက် အဆင့်မြင့် အမေရိကန် အစိုးရအရာရှိ ခရီးစဉ် ဖြစ်ပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို မရောက်ခင် ဂျပန် နဲ့ တောင်ကိုရီးယား တို့ကို သွားရောက်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။
