NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပြပါတယ်။
"အရေးပေါ်ဌာနကနေပြီးတော့ အခန်းထဲကို ပို့လိုက်ပြီ။ အခန်းနံပါတ် ၂၇ဝ၄ မှာ။ ခါးဆစ်ကို ဆေးထိုးမယ်လို့ သမားတော်က ပြောတယ်။ ဆေးရုံမှာ တင်ခဲ့တယ်။ ကျန်တဲ့ စစ်ဆေးချက်တွေကတော့ ဘာမှ ထူးထူးခြားခြား မတွေ့ပါဘူး၊ နှလုံးတွေ ဘာတွေက ပုံမှန်ပါပဲ။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး"
ဆရာဦးဝင်းတင်ဟာ ပြီးခဲ့တဲ့ မေလက သွားခဲ့တဲ့ ရှမ်းပြည်ခရီးစဉ် အပြန်မှာ ခြေထောက်ပေါ် ရေယုံ ပေါက်ပြီး၊ အနာကတဆင့် လမ်းမလျှောက်နိုင်တော့ဘဲ ခြေထောက်တွေ နာကျင်ကိုက်ခဲတဲ့ဒဏ်ကို နေ့စဉ် ခံစားနေရတာပါ။ ဒါကြောင့် မနက်ဖြန် ခါးဆစ်ရိုးထဲကို ဆေးထိုးကုသမှာ ဖြစ်တဲ့အတွက် ဒီနေ့ညနေ အောက်စီဂျင် ပေးထားပြီး အားဆေး သွင်းနေတယ်လို့ ဦးဝင်းတင်ကို အနီးကပ် ပြုစုနေတဲ့ ကိုရာဇာက ပြောပါတယ်။
အင်းစိန်ထောင် တိုက်ခန်းတွေထဲမှာ အနှစ် ၂ဝ နီးပါး နေခဲ့ရတဲ့ ဆရာဦးဝင်းတင်ဟာ ထောင်ကလွတ်ပြီး နောက်ပိုင်း နှလုံးခွဲစိပ်ကုသမှုလည်း ခံယူခဲ့ရပါတယ်။